အင်းအားပြင်းစွာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အိုင်ဒါကြောင့် အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ အမေရိကန် တောင်ဘက်စွန်းရှိ လူဝီစီယားနားပြည်နယ်

//s9.kh1.co/02/0200841edefa289702a3edf98dcada2d0fdec8ae.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.......

သဘာဝ ဘေးအန္တရာယ်ဆိုတာ ဘယ်သူမှ ကြိုတင်မမြင်နိုင်တာမို့ တကယ်တမ်း ကြုံတွေ့ကြရတဲ့ အခါ ထိခိုက် ဆုံးရှုံးမှုတွေ များစွာရှိပါတယ် ။ ဩဂုတ်လ (၃၀) ရက်နေ့မှာဆိုရင်လည်း အမေရိကန်ပြည်ထောင်စု တောင်ဘက်စွန်း၊ မက်ဆီကိုပင်လယ်ကွေ့မှာ တည်ရှိတဲ့  လူဝီစီယားနားပြည်နယ်မှာ ဟာရီကိန်း မုန်တိုင်း တစ်ခု တိုက်ခတ်ခဲ့ပါတယ် ။ ပြင်းအားအဆင့် (၄) ရှိ တဲ့ ဟာရီကိန်းမုန်တိုင်း အိုင်ဒါ က တစ်နာရီ ကို ၁၄၅ မိုင်နှုန်းခန့်တိုက်ခတ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

နေ့လည် ၁:၀၀ နာရီဝန်းကျင်ကနေ စတင် တိုက်ခတ်ခဲ့ပြီး နာရီပေါင်း  (၁၀) အကြာမှာ အရှိန်လျော့သွားတယ်လို့လည်း ဖော်ပြထားပါတယ် ။ မုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိသလို  နေအိမ်ပေါ်သစ်ပင်ကျိုးကျမှုကြောင့် အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့်  သမ္မတဂျိုးဘိုက်ဒန်က လူဝီစီယားနားပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

မုန်တိုင်းဒဏ်ကြောင့် နေအိမ်တွေလည်း အတော်လေး ပျက်စီးနေတာကို ပုံထဲမှာ တွေ့မြင်ရမှာပါ ။ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ ပရိသတ်ကြီးအတွက် အမေရိကန်တောင်ဘက်စွန်းရှိ လူဝီစီယားနားပြည်နယ်ကို တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အိုင်ဒါကြောင့် ပျက်စီးသွားတဲ့ ပုံရိပ်တွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T