ကိုဗစ်ကာကွယ်ဆေးကို ကိုယ်တိုင်ဝယ်ယူပြီး ပထမဆုံးအကြိမ်အဖြစ် အိမ်မှာပဲ ထိုးနှံလိုက်တဲ့ အဆိုတော်ချစ်ကောင်းရဲ့ပုံရိပ်များ

//s9.kh1.co/6e/6ec279bb1ee21aed565c288af1436b25334b6952.jpg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကာကွယ်ဆေးကို ကိုယ်တိုင်ဝယ်ယူပြီး ပထမဆုံးအကြိမ်အဖြစ် အိမ်မှာပဲ ထိုးနှံလိုက်တဲ့ အဆိုတော်ချစ်ကောင်းရဲ့ပုံရိပ်များ

ပိုမိုဆိုးရွားလာတဲ့ Covid-19 ရောဂါပိုးရဲ့အန္တရာယ်ကြောင့် နေ့စဥ်နဲ့အမျှ ပြည်သူတွေ အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးနေရတာ ဖြစ်ပါတယ် ။ အနုပညာလောကမှာဆိုရင်လည်း ကိုဗစ်ရောဂါကူးစက်ခံရပြီး စောစီးစွာ ကြွေလွင့်သွားတဲ့ ပြည်သူချစ်အနုပညာရှင်တွေ အများအပြား ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ကိုဗစ်အန္တရာယ်ကို ကာကွယ်ဖို့အတွက် Mask တပ်၊လက်ဆေးစတဲ့ အခြေခံအချက်တွေကို လိုက်နာသင့်သလို ကာကွယ်ဆေးထိုးတာကလည်း ကြိုတင်ကာကွယ်ခြင်းတစ်မျိုး ဖြစ်ပါတယ် ။

Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc

ဒီနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာဆိုရင်လည်း နာမည်ကြီးအဆိုတော် ချစ်ကောင်းက ပထမအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံလိုက်ပြီဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။ ချစ်ကောင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ကိုဗစ်ကာကွယ်ဆေးထိုးနေတဲ့ ပုံရိပ်တွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ချစ်ကောင်းကတော့ ကိုဗစ်ရောဂါဆိုးကြီးရဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့အတွက် အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc

ချစ်ကောင်းအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ကိုယ်တိုင်ဝယ်ယူပြီး ထိုးနှံခဲ့တာဖြစ်ကြောင်း Comment တစ်ခုမှာ ပြန်လည်ဖြေကြားထားတာလည်း တွေ့ရပါတယ်။ ချစ်ကောင်းက "ကာကွယ်ဆေးစတင်ထိုး.....စီစဥ်ပေးတဲ့ အကိုငယ်နဲ့ အမတို့မိသားစုကို ကျေးဇူးအထူးတင်ပါတယ်" ဆိုပြီး ပုံတွေနဲ့တကွ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ် ။ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးကို အိမ်မှာပဲထိုးနှံခဲ့တဲ့ အဆိုတော်ချစ်ကောင်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Chit Kaung's FB Acc

Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Photo Credit-Chit Kaung's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T