မြေးကအဖိုးအရင်းကိုပြန်သတ်လို့ သေဆုံးခဲ့ရတဲ့ မော်လမြိုင်က ဖြစ်စဉ်နဲ့ပတ်သက်ပြီး စိတ်မကောင်းစွာ ပြောပြလာတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/0b/0b1c9b8dd4b4052f5860cecf213444fd0a6cf763.jpeg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ဩဂုတ်လ(၃၁)ရက်နေ့ ညပိုင်းက ပြန့်နှံ့ထွက်ပေါ်လာတဲ့ မြေးအရင်းက အဖိုးဖြစ်သူကို ပြန်သတ်တဲ့ CCTV ဗီဒီယိုဖိုင်ဟာ ပြည်သူတွေကို အံ့ဩထိတ်လန့်စေပါတယ်..။

အဖိုးအရင်းကိုတောင် ရက်ရက်စက်စက်သတ်ခဲ့တဲ့ အဆိုပါလူသတ်မှု ဗီဒီယိုမှတ်တမ်းကတော့ လူမှုကွန်ယက်ပရိသတ်တွေကြား အတော်လေးကို လူပြောများနေတာလည်း ဖြစ်ပါတယ်..။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

အကြင်နာတရားကင်းမဲ့လွန်းတဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေက အတော်လေးကို စိတ်မကောင်းဒေါသဖြစ်နေကြသလို သရုပ်ဆောင်ဆောင်းယွန်းစံကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေတာကို ပြောပြလာပါတယ်..။

ဆောင်းယွန်းစံကတော့ သူမအနေနဲ့ ညက သတင်းဖတ်လိုက်ရတဲ့အချိန် အသတ်ခံရတဲ့အဖိုးအတွက် စိတ်မကောင်းလွန်းလို့ နှိပ်စက်ခံနေရတဲ့ CCTV ထဲက အဖိုးရဲ့ပုံလေးတွေကို မျက်လုံးထဲက မထွက်အောင် ဖြစ်နေရတယ်လို့ ပြောပြထားတာပါ..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

သူမနဲ့ သွေးသားမတော်စပ်ပေမယ့် ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့ အဖိုးအတွက် စိတ်မကောင်းတဲ့အကြောင်းရေးသားထားတဲ့ ဆောင်းယွန်းစံရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အားလုံးနဲ့ ထပ်တူအံ့ဩစိတ်မကောင်းနေတာတွေကို ပြောထားကြတာ တွေ့ရပါတယ်..။

ရက်စက်ယုတ်မာလွန်းတဲ့ အဆိုပါလူသတ်မှုဖြစ်စဉ်ရဲ့ CCTV record က 7.25.2021 နေ့ကတည်းက ဖြစ်ပြီး ဩဂုတ်လ(၃၁)ရက်နေ့ ညပိုင်းကမှ ထွက်ပေါ်လာခဲ့တာ ဖြစ်တာကြောင့်လည်း အမျိုးမျိုးသော ဝေဖန်မှုတွေ ရှိနေတာ တွေ့ရပါတယ်..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

သတင်း အရင်းအမြစ်Saung Yoon San's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T