စျေးကြီးပေးပြီး ဝယ်ယူခဲ့ရတဲ့ griezmann ကို စျေးပေါပေါနဲ့ ပြန်လည်ရောင်းချခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့နောက်ကွယ်က အကြောင်းအရင်းများ

//s9.kh1.co/10/1087452cabb1a598a763d9402ab76cd17d8cb636.jpg
အားကစားသတင်းများ

 ၀၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

စျေးကြီးပေးပြီး ဝယ်ယူခဲ့ရတဲ့ griezmannကို စျေးပေါပေါနဲ့ ပြန်လည်ရောင်းချခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့နောက်ကွယ်က အကြောင်းအရင်းများ

သြဂုတ်လ(၃၁)ရက်နေ့ည မနေ့ကတော့ ဘာစီလိုနာတိုက်စစ်မှူးဖြစ်တဲ့ antoine griezmann တစ်ယောက် အသင်းဟောင်းဖြစ်တဲ့ အက်တလက်တီကိုအသင်းကို ပြန်လည်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ antoine griezmann ကို ခေါ်ယူခဲ့စဥ်တုန်းက ယူရိုသန်း(120)နဲ့ခေါ်ယူခဲ့ရတာဖြစ်ပြီး ပြန်လည်ရောင်းချရာမှာတော့ ယူရိုသန်း(40)သာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ဂရစ်ဇ်မန်းကို အက်တလက်တီကိုအသင်းဆီ (2)နှစ်အဌားစာချုပ်နဲ့ အဌားချလိုက်တာဖြစ်ပြီး အဌား(2)ရာသီပြီးရင်တော့ ယူရိုသန်းလေးဆယ်နဲ့ မဖြစ်မနေဝယ်ယူရမှာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စျေးကြီးပေးပြီး ဝယ်ခဲ့ရတဲ့ တိုက်စစ်မှူးကို စျေးပေါပေါနဲ့ ပြန်လည်ရောင်းချခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ နောက်ကွယ်မှာလည်း အကြောင်းအရင်းတွေ များစွာရှိနေခဲ့ပါတယ်။ပထဆုံးအကြောင်းအရင်းကတော့ တိုက်စစ်မှူး antoine griezmann ဟာ လစာမြင့်မားတဲ့ ကစားသမားဖြစ်ပြီး ယခုအချိန်မှာ ဘာစီလိုနာအသင်းကလည်း အကြွေးတွေနဲ့နွံနစ်နေတာပဲဖြစ်ပါတယ်။ antoine griezmann ရဲ့ လစာကိုမပေးချေနိုင်တော့တာကြောင့် ဘာစီလိုနာအသင်းက ဆွာရက်၊ရာကီတစ်၊ဗီဒယ်တို့လိုပဲ antoine griezmann ကို စျေးပေါပေါနဲ့ ရှင်းထုတ်လိုက်တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တိုက်စစ်မှူး antoine griezmann က အချို့ပွဲစဥ်တွေမှာ ခြေစွမ်းပြပြီး ဂိုးသွင်းပေမယ့် အက်တလက်တီကိုအသင်းမှာတုန်းကလို ခြေစွမ်းကောင်းတွေကို မပြသနိုင်ဘဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်လည်း (၃၀)အရွယ်ရှိ​ပြီဖြစ်တာကြောင့် လူငယ်ကစားသမားတွေအစား လစာမြင့်မားသလို အသက်အရွယ်ကြီးတဲ့ antoine griezmann ကို  ယခုလို ရောင်းချလိုက်တာပဲ ဖြစ်ပါတယ်။ တစ်ချိန်က ခြေစွမ်းပြခဲ့တဲ့ အသင်းဟောင်းဆီ ပြန်လာတဲ့ ပြင်သစ်တိုက်စစ်မှူး antoine griezmann တစ်ယောက် ခြေစွမ်းကောင်းတွေကို ပြန်ရရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T