ခုဖော်ပြမယ့် သူကတော့ ရုရှားနိုင်ငံက ဘောလီဘော အားကစားမယ်ကနေ Model တစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ မိန်းမလှလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ သူမနာမည်ကတော့ Alisa Manyonok ပြီး April လ ၅ ရက် ၁၉၉၅ခုနှစ် ရုရှားနိုင်ငံ Vladivostok မှာ မွေးဖွားခဲ့ပါတယ်။ အရင်ကတော့ သူမဟာ ရုရှားနိုင်ငံရဲ့ Primorye ဆိုတဲ့ အသင်းမှာကစားနေတဲ့ ဘောလီဘော အားကစားမယ်တစ်ဦးဖြစ်ခဲ့ပါတယ်။
အဲ့နောက် သူမဟာ ဘောလီဘောအားကစားမယ်ကနေ Model အဖြစ်ပြောင်းလဲခဲ့ပါတယ်။ သူမပြောင်းလဲခဲ့တဲ့ အကြောင်းကတော့ Vladivostok ရဲ့ကလပ်အသင်းမှာ Miss Primorye ဆိုတဲ့ဆုကို ၂၀၁၃ တုန်းက အနိုင်ရရှိခဲ့တာကြောင့် သူမဟာ Model လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း Russia's Top Model ဆိုပြီး အမည်တွင်ခဲ့ပါသေးတယ်။ ၂၀၁၆ ရဲ့ Supermodel International ပြိုင်ပွဲမှာလည်း သူမဟာ ပါ၀င်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
သူမဟာ Instagram မှာ Follower ၉၀၀၀၀ ကျော်ရှိပြီး Miss Beautiful Body နဲ့ Miss Talent တို့ရဲ့ဆုတွေကိုလည်း ရရှိခဲ့ပါသေးတယ်။ မိသားစုအနေနဲ့ကတော့ သူမငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ မိဘမရှိပေမယ့်လည်း အစ်ကိုရဲ့ အုပ်ထိန်းမှုနဲ့ နေထိုင်ခဲ့ကာ ယခုအချိန်မှာတော့ ရုရှားမှာ လူသိများ အောင်မြင်တဲ့သူ ဖြစ်နေပါပြီ။
သတင်း အရင်းအမြစ်៖ Daily Star