ချစ်ရတဲ့ ဇနီးနဲ့သားလေးကို အန္တရာယ်ရှိတဲ့အရပ်မှာ မထားခဲ့ဘဲ သူနဲ့အတူ လွတ်မြောက်နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တဲ့ ရန်ရန်ချမ်း

//s9.kh1.co/91/910d5637d67e6aaa06ac1af999cdf5c7a5bf8721.jpeg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရန်ရန်ချမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုမှ ရန်ရန်ချမ်းအား  ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူမှုတွေ လုပ်ထားတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ပရိသတ်တွေ စိတ်မပူစေရအောင်လည်း လူမှုကွန်ယက်တွင် သတင်းအချက်အလက်များကို ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်က ရန်ရန်ချမ်းရဲ့ Facebook အကောင့်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့မိသားစုသုံးယောက်လုံး ဘေးကင်းရာမှာရှိနေတဲ့အကြောင်း ဓာတ်ပုံလေးတစ်ပုံဖြင့် ပြသထားတာ ဖြစ်ပါတယ်။ ရန်ရန်ချမ်းဟာ ဇနီးနဲ့သားလေးကို အန္တရာယ်ရှိတဲ့အရပ်မှာ မထားခဲ့ဘဲ သူနဲ့အတူလွတ်မြောက်နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 

ပရိသတ်တွေကလည်း သူတို့မိသားစုပုံလေးကို ကြည့်ပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ ရှိနေပေးခဲ့တဲ့ ရန်ရန်ချမ်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်​ကို လေးစားနေကြတာ ဖြစ်ပါတယ်။ ဂီတလောကမှ ညီအစ်ကိုမောင်နှမများကလည်း ရန်ရန်ချမ်းတို့ မိသားစုလေး ဘေးကင်းလုံခြုံကြပါစေလို့ comment များရေးသားပြီး ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။ မိသားစုဝင်များနဲ့ ခွဲခွာပြီး တိမ်းရှောင်နေရသူများလည်း အမြန်ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းရင်း  ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Yan Yan Chan’s Facebook Account 

Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 
Photo Crd-Yan Yan Chan’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T