သူတို့ရှေ့မှာ မြန်မြန်သေချင်နေပြီလို့ တရစပ်ပြောနေတဲ့ အသက် (၁၀၀)ကျော် အဘွားအိုရဲ့ဘဝဖြစ်စဉ်ကို ရင်နင့်စွာဖွင့်ဟလာတဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/24/24896dc6f1b421e0cbbb491eee734aeb63fa6346.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သူတို့ရှေ့မှာ မြန်မြန်သေချင်နေပြီလို့ တရစပ်ပြောနေတဲ့ အသက် (၁၀၀)ကျော် အဘွားအိုရဲ့ဘဝဖြစ်စဉ်ကို ရင်နင့်စွာဖွင့်ဟလာတဲ့ လူငယ်လေးတစ်ဦး

ဒီလိုအခြေအနေမှာ တချို့လူငယ်လေးတွေကတော့ ပရဟိတအလုပ်တွေ ကြိုးစားလုပ်ဆောင်နေကြသလို တချို့လူငယ်လေးတွေလည်း တောထဲဝင်ပြီး စစ်ပညာလေ့ကျင့်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ တောင်ပေါ်ရွာလေးတစ်ရွာကို ရောက်ရှိနေကြတဲ့ လူငယ်လေးတွေက အဲ့ဒီရွာကအဘွားအိုတစ်ဦးရဲ့အကြောင်းကို ရေးသားလာခဲ့ပါတယ်။အဘွားအိုက အသက် (၁၀၂)နှစ်အရွယ်ရှိနေပေမယ့် ကျန်းမာသွက်လက်နေဆဲလို့သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘွားရဲ့နာမည်က ယာလွယ်ဟိန်းဖြစ်ပြီး သားသမီး (၉)ယောက်လည်း ရှိပါတယ်။သားသမီးတွေက အခုချိန်မှာအိမ်ထောင်ကျသွားကြပြီဖြစ်လို့ အိမ်မှာ သူမတစ်ယောက်တည်းအထီးကျန်နေရှာတာဖြစ်ပါတယ်။အဘွားက သူကိုယ်တိုင်အလုပ်မလုပ်နိုင်တော့လို့ သားသမီးတွေဆီကကပ်မစားချင်ဘူးလို့ပြောပါတယ်။ဒါ့ကြောင့် သူ့အရွယ်နဲ့မမျှအောင်  လက်ဖက်ခူးပြီး တောင်ယာလိုက်လုပ်ကာ စားဝတ်နေရေးအတွက်ရှာဖွေနေရတာပဲဖြစ်ပါတယ်။တချို့အချိန်တွေမှာ တခြားသူရဲ့ကလေးတွေကိုလိုက်ထိန်းပေးပြီး ဘဝကိုဖြတ်သန်းနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘွားရဲ့အိမ်လေးက အလျား (၁၅)ပေ၊အနံ (၆)ပေပဲရှိပြီး အခန်းကျဉ်းကျဉ်းလေးမှာနေထိုင်ရတာ ကြာမြင့်နေပြီဖြစ်လို့ အဘွားလည်း ငြီးငွေ့နေတာဖြစ်ပါတယ်။သူမရဲ့သားသမီးတွေကတော့ တစ်ခါတလေ လာလည်ပြီး အဝတ်လျှော်ပေးတဲ့အပြင် ဟင်းတွေလည်းပေးကြတယ်လို့သိရပါတယ်။အဘွားက လူငယ်လေးတွေရှေ့မှာ သေနေ့ရောက်ဖို့ပဲဆုတောင်းနေပြီး မြန်မြန်သေချင်နေတယ်ဆိုတာကို တရစပ်ပြောနေလို့ လူငယ်လေးတွေ အဘွားရဲ့အဖြစ်ကို စိတ်မကောင်းဖြစ်နေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T