အာဏာသိမ်းမှုအပြီး မြန်မာလူငယ်တွေဟာ ရရာလက်နက် စွဲကိုင်ပြီး ကိုယ့်ဒေသက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြကာ အာဏာရှင်ကိုတွန်းလှန်နေကြတာဖြစ်ပါတယ် ။ ချင်းပြည်နယ်ကလူငယ်လေးတွေဟာလည်း အသက်ကိုစွန့်ပြီး ရဲရဲရင့်ရင့်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFထဲ ဝင်ရောက်ကြတာကို တွေ့ရပါတယ် ။
ချင်းပြည်နယ်မှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေသလို နှစ်ဖက်ကျဆုံးတဲ့သတင်းတွေလည်း မကြာခဏမြင်တွေ့နေရပါတယ်။ CDFရဲဘော်တွေရဲ့ နယ်မြေကျွမ်းကျင်မှုတွေနဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေကြောင့် တူမီးသေနတ်နဲ့ပြန်လည်ခုခံနေတာတောင် CDFရဲဘော်တွေဘက်က အသာစီးရရှိနေပြီး အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ် ။
အခုအခါမှာဆိုရင်လည်း CDFရဲဘော်တစ်ဦးဟာ တောင်ကြားလမ်းတွေအတိုင်း တူမီးသေနတ်တွေကိုယ်စီနဲ့ ခက်ခက်ခဲခဲသွားလာချီတက်နေရတဲ့ ရဲဘော်တွေရဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ရိက္ခာရှားပါးမှုတွေနဲ့ ဘယ်လိုပင်ပြင်းထန်လှတဲ့ တိုက်ပွဲတွေနဲ့ကြုံတွေ့ရပါစေ မဆုတ်မနစ်နဲ့ ကြိုးစားတိုက်ပွဲ၀င်နေကြတဲ့ CDF ရဲဘော်တွေရဲ့ စိတ်ဓာတ်ကတော့ တကယ်လေးစားစရာကောင်းလှပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Myanmarload