ပင်ပန်းဆင်းရဲမှုတွေကြားမှာ ပြည်သူတွေအတွက် အနစ်နာခံရင်း မိခင်တွေကိုလွမ်းတဲ့စိတ်နဲ့ ခံစားချက်တွေပေါ်လွင်အောင် သီဆိုထားကြတဲ့ PDF ရဲဘော်တွေရဲ့ ဗီဒီယို

//s9.kh1.co/8c/8c37e784992d7f7006b78d669d89e8b8e1a20985.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

GZ လူငယ်တွေကတော့ ရည်မှန်းချက်တွေပြည့်ဝဖို့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေတွေမှာ အရာရာကိုစွန့်လွှတ်ပြီး စစ်ပညာများ သင်ယူနေကြတာဖြစ်ပါတယ်။ စစ်ပညာသင်ယူနေရတဲ့အချိန်မှာလည်း နေထိုင်စားသောက်ရေးကအစဆင်းရဲပြီး ပင်ပန်းမှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ သူတို့တွေဟာ ယုံကြည်မှုတစ်ခုအတွက်နဲ့ အနေအစားမလုံလောက်တဲ့နေရာတွေမှာ ချစ်တဲ့သူတွေကို ခွဲခွာပြီး ပြည်သူတွေအတွက် အနစ်နာခံနေကြရတာ ဖြစ်ပါတယ်။

Photo Credit - Min Khat Min
Photo Credit - Min Khat Min
Photo Credit - Min Khat Min
Photo Credit - Min Khat Min

စစ်ပညာများ သင်ယူနေကြတဲ့ နေရာတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ အရပ်ဒေသဖြစ်တာကြောင့် ပင်ပန်းဆင်းရဲမှုတွေကြားမှာ ရုန်းကန်နေရတဲ့အချိန် မိသားစုကိုလွမ်းတဲ့ GZ လူငယ်တွေကတော့ ခံစားချက်တွေကို ဖွင့်ဟပြီး သီချင်းများရေးဖွဲ့ကာ သီဆိုကြတာ ရှိပါတယ်။ ယခုမှာလည်း KNU ထံမှာ ခိုလှုံပြီး စစ်ပညာများသင်ယူနေတဲ့ ရဲဘော်တချို့က ဂီတာလေးတီးပြီး ဝိုင်းဖွဲ့သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Min Khat Min
Photo Credit - Min Khat Min

ဒီသီချင်းလေးဟာ မိခင်ကို လွမ်းနေကြတဲ့ တော်လှန်ရေးကြီးအောင်မြင်ဖို့ ကြိုးစားနေတဲ့ ရဲဘော်များအတွက် ရည်ရွယ်ပြီး တေးရေး နေလုံးကရေးပေးထားဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေထဲရောက်နေချိန် အမြဲကြင်နာပေးတဲ့ မိခင်ကို လွမ်းနေကြရတဲ့ ရဲဘော်တွေအတွက် အရမ်းထိမိတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ခံစားချက်တွေဖွင့်ဟပြီး အနှစ်သာရတွေ ပေါ်လွင်အောင် သီဆိုနေကြတဲ့ ရဲဘော်တွေရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကြည့်ရှုလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Min Khat Min

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T