ပုသိမ်မြို့ အမှိုက်ကုန်းတွင် နေထိုင်ကြတဲ့ နွမ်းပါးမိသားစု တွေကို ပြုံးပျော် ပီတိ ဖြစ်စေခဲ့တဲ့ အဆိုတော် နေဝင်းရဲ့ အလှူလေး

//s9.kh1.co/d6/d6d607c6908d67203021cff22becb3367f625728.jpeg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.......

ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ နိုင်ငံရေး အခြေအနေတွေရော ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရော ဆုံသွားတာကြောင့် အတော်လေး အဆင်မပြေကြတဲ့ ပြည်သူတွေ နေရာတိုင်းမှာ များစွာရှိနေပါတယ် ။ လက်လုပ်လက်စား ပြည်သူတွေဆို ပိုလို့တောင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ် ။

Photo Credit : Nay Win Facebook Account
Photo Credit : Nay Win Facebook Account
Photo Credit : Nay Win Facebook Account
Photo Credit : Nay Win Facebook Account

ဒါကြောင့် ခုရက်ပိုင်းတွေမှာဆိုရင် ခက်ခဲကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေ အတွက် စေတနာ အလှူရှင်တွေ စုပေါင်းပြီး စားသောက်ကုန်တွေကို လိုက်လံ လှူဒါန်းပေးတာတွေ ရှိသလို ဈေနှုန်းအနည်းငယ်တွေနဲ့ ရောင်းချပေးတဲ့ အစီအစဉ်တွေကို နေရာတော်တော် များများမှာ လုပ်လာကြတာ တွေ့ရပါတယ် ။ ဒီလို အစီအစဉ်တွေကြောင့် ခက်ခဲနေသူတွေလည်း ခဏတာပဲ ဖြစ်ဖြစ် အဆင်ပြေသွားကြလို့ ပျော်ရွှင်နေကြတဲ့ မြင်ကွင်းတွေက ပီတိဖြစ်စရာပါ ။

Photo Credit : Nay Win Facebook Account
Photo Credit : Nay Win Facebook Account
Photo Credit : Nay Win Facebook Account
Photo Credit : Nay Win Facebook Account

ဒီလို လှူဒါန်းကြသူတွေ အထဲမှာ အနုပညာရှင်တွေလည်း အပါအဝင်ပါပဲ ။ အခုလည်း နေဝင်းက ပုသိမ်မြို့ အမှိုက်ကုန်းတွင် နေထိုင်ကြတဲ့ နွမ်းပါးမိသားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့ပါတယ် ။ အိမ်ထောင်စု (၆၀) စာအတွက် ဆန် ၆ ပြည် ၊ ဆီ ၅၀ သား ၊ ကြက်သွန် ၁ ပိသာ ၊ အာလူး ၁ ပိသာ စတဲ့ စားသောက်ကုန်များကို လှူဒါန်းဝေဌခဲ့ပါတယ် ။ အလှူပုံတွေ ကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း နေဝင်းလည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Nay Win Facebook Account
Source & Photo Credit : Nay Win Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T