တောထဲမှ GenZ လူငယ်လေးတွေအတွက် ဘုန်းဘုန်းတစ်ပါးမှ မိန့်ကြားထားသောဝမ်းသာစရာသတင်းတစ်ခုကို ပြန်လည်ဝေမျှပေးလိုက်တဲ့ ပိုးလေး

//s9.kh1.co/c1/c12b04fc3385cb11ebdf6fcbbace5df0cc09dd12.jpeg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော် ပိုးလေးကတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးစားဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဘယ်နေရာရောက်ရောက်ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့ စေတနာဖြင့် ရယ်စရာဟာသလေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ယက်ကနေတစ်ဆင့် ရေးသားဝေမျှပေးနေတာကိုလည်း မြင်တွေ့ကြရမှာပါ။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ပိုးလေးရဲ့Facebook အကောင့်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 

ဒါကတော့ အွန်လိုင်းပေါ်တွင် နာမည်ကြီးနေတဲ့ ဆရာတော်တစ်ပါးနဲ့ Video Call ပြောပြီး သူသိထားတဲ့ သတင်းလေးကို မေးမြန်းထားတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဆရာတော်မှ အိမ်မှာရှိတဲ့ ညီအစ်မလေးယောက်လုံးဟာ တောထဲရောက်နေတဲ့ GenZ လူငယ်လေးတွေအတွက်ဖြစ်တာကြောင့် တိုက်ပွဲတိုင်းနိုင်အောင်တိုက်ကြဖို့ သူ့ရဲ့လူမှုကွန်ယက်တွင် ရေးသားထားတာဖြစ်ပါတယ်။ ပိုးလေးမှ video call ခေါ်ပြီး ဆရာတော်ကို မေးတဲ့အခါမှာတော့ ဒီသတင်းဟာ တကယ်မှန်ကန်ကြောင်း သိရှိခဲ့ရပါတယ်။

Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 

ဆရာတော်နဲ့ စကားပြောပြီးပြီးချင်းမှာလည်း သူကိုယ်တိုင်း GenZ ပိုးဖြစ်သွားပြီဖြစ်ကြောင်း ​ပုံနှင့်တကွ ရေးသားမျှဝေခဲ့တာကြောင့် ပရိသတ်တွေ သဘောကျနေကြတာ ဖြစ်ပါတယ်။ ဘယ်နေရာရောက်ရောက် စိတ်ညစ်ခြင်းမရှိဘဲ ပျော်အောင်နေတတ်တဲ့ ပိုးလေးရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။ တောထဲရောက်နေတဲ့လူငယ်လေးတွေအားလုံးလည်း ပြည်သူတွေပို့သတဲ့မေတ္တာတွေကြောင့် ဘေးရန်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Poe Lay’s Facebook Account 

Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T