အမြင့်ပေ(၃)သောင်းအထက် ပျံသန်းနေတဲ့ လေယာဥ်ပေါ်မှာ ချစ်စရာရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အာဖကန်အမျိုးသမီးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/4d/4df34ba43600071fdae87a4435ab79c949fbe3f6.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အမြင့်ပေ(၃)သောင်းအထက် ပျံသန်းနေတဲ့ လေယာဥ်ပေါ်မှာ ချစ်စရာရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အာဖကန်အမျိုးသမီးရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ရက်ပိုင်းက အာဖရန်နစ္စကန်နိုင်ငံကနေ အင်္ဂလန်နိုင်ငံ၊ Birmingham မြို့ကို ရွှေ့ပြောင်းပေးတဲ့ လေယာဥ်ပေါ်မှာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး ကလေးမွေးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Soman Noori ဆိုတဲ့ အသက်(၂၆)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးက အာဖကန်နိုင်ငံရဲ့မြို့တော် ကာဘူးလ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် ဒူဘိုင်းကနေ Birmingham မြို့ကိုသွားတဲ့ လေယာဥ်ပေါ်မှာ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Reuters 
Photo Credit-Reuters 
Photo Credit-Reuters 
Photo Credit-Reuters 

လေယာဥ်မဆိုက်ကပ်ခင်အချိန်မှာပဲ အဲ့ဒီကိုယ်ဝန်ဆောင်သည် အမျိုးသမီးက ကလေးမွေးဖွားဖို့ အရေးပေါ်အခြေအနေနဲ့ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ လေယာဥ်ပေါ်မှာ ဆရာဝန်တစ်ဦးမှ မပါလာတဲ့အတွက် Turkish Airlinesရဲ့ Cabin Crew တွေကပဲ ဒီအမျိုးသမီးကလေးမွေးဖွားနိုင်ဖို့အတွက် အစစအရာရာ ကူညီခဲ့ရတာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ လေယာဥ်ဝန်ထမ်းတွေရဲ့အကူအညီနဲ့ပဲ ကိုယ်ဝန်သည်အမျိုးသမီးရဲ့ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-itv News
Photo Credit-itv News
Photo Credit-PA
Photo Credit-PA
Photo Credit-itv News
Photo Credit-itv News

အမြင့်ပေ (၃)သောင်းအထက် ပျံသန်းနေတဲ့ လေယာဥ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ဒီကလေးလေးရဲ့နာမည်ကိုတော့ "Havva" လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ် ။ "Havva" ဆိုတဲ့နာမည်ကို အင်္ဂလိပ်လို ဘာသာပြန်ရမယ်ဆိုရင်တော့ "Eve" လို့ အဓိပ္ပာယ်ရတာပဲ ဖြစ်ပါတယ်။ လေယာဥ်ဝန်ထမ်းတွေကတော့ ချစ်စရာကောင်းတဲ့ ကလေးလေးကိုအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ အမြင့်ပေ (၃)သောင်းအထက် ပျံသန်းနေတဲ့ လေယာဥ်ပေါ်မှာ ကလေးမွေးဖွားခဲ့တဲ့ အာဖကန်အမျိုးသမီးရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source: ITV News

Video Credit-Yeni Șafak

Photo Credit-itv News
Photo Credit-itv News
Photo Credit-Reuters 
Photo Credit-Reuters 
https://s9.kh1.co/__image/w=650,h=358,q=100/df/df6e5fe3ef41544838ae6564627d382da0177f7d.jpg

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို ပုံထဲကအတိုင်း Select လုပ်ပါ။ ပြီးလျှင် ‌ပေါ်လာသည့် Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ )

https://www.facebook.com/106559704436097/posts/362106405548091/?app=fbl

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T