စားဝတ်နေရေးခက်ခဲဆင်းရဲပေမယ့် လမ်းမှာတွေ့တဲ့ ဆွမ်းခံကြွသံဃာတော်ကို ပါလာတဲ့ရိက္ခာတွေလှူဒါန်းခဲ့ကြတဲ့ PDF လူငယ်တွေရဲ့ ချီးကျူးစရာလုပ်ရပ်

//s9.kh1.co/c5/c5a053c047aac9b724b2665013647530ec54c901.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ဒီကနေ့ စက်တင်ဘာလ(၁)ရက်နေ့ဆိုရင် တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တာ (၇)လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပြီး ပြည်သူတွေအသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတာလည်း (၇)လပြည့်ခဲ့ပါပြီ..။

အကြမ်းဖက်မှုတွေကြောင့် မျိုးဆက်သစ်လူငယ်တွေမှာလည်း ရရာလက်နက်ဆွဲတော်လှန်နေကြသလို တောထဲမှာ စစ်ရေးလေ့ကျင့်ပြုတွေနေကြရတာလည်း တော်တော်များများပါပဲ..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အခက်အခဲတွေမျိုးစုံနဲ့ တောထဲတောင်ထဲ ပင်ပန်းဆင်းရဲမှုတွေကို ရင်ဆိုင်ဖြတ်သန်းကာ တော်လှန်ရေးအတွက် ကြိုးစားနေကြပေမယ့် ဘာသာရေးနဲ့ ကုသိုလ်တရားတွေကို မမေ့လျော့ကြတာ တွေ့ရပါတယ်..။

PDF လူငယ်လေးတွေကတော့ တောထဲမှာ စားဝတ်နေရေးအခက်ခဲတွေနဲ့ အနေဆင်းရဲ အစားဆင်းရဲတာတွေရှိပေမယ့်လည်း လမ်းမှာတွေ့တဲ့ ဆွမ်းခံကြွသံဃာတော်ကို ပါလာတဲ့ရိက္ခာတွေလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

မြန်မာ-ထိုင်းနယ်စပ်ရှိ PDF စခန်းတစ်ခုမှ လူငယ်များဟာ လမ်းခုလပ်တနေရာမှာတွေ့ခဲ့ရတဲ့ ဆွမ်းခံကြွသံဃာတော်ကို သူတို့မှာပါလာတဲ့ ရိက္ခာတွေကို သဒ္ဓါတရားထက်သန်စွာ ရိုရ်ိုသေသေနဲ့ လှူဒါန်းခဲ့တာက တကယ်ကို လေးစားချီးကျူးစရာပါပဲ..။

အသက်ငယ်ရွယ်တဲ့ လူငယ်တွေဖြစ်ပေမယ့် စိတ်နေစိတ်ထားမြင့်မားကြပြီး ကုသိုလ်ရေးတွေ မမေ့လျော့ဘဲ ရှိတာလေးတွေ ခွဲဝေလှူဒါန်းကုသိုလ်ယူခဲ့ကြတာဟာ မြင်ရသူအဖို့ ကြည်နူးစရာကောင်းတာကြောင့် တင်ဆက်မျှဝေပေးလိုက်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T