အာဏာသိမ်းမှု​ကြောင့် သူဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်တွေ ပျက်စီးသွားပြီး တောထဲမှာ လက်နက်ကိုင်ကာ တိုက်ပွဲဝင်နေရတဲ့ လူငယ်တစ်ဦး

//s9.kh1.co/ab/abedfe86f582e1a09b43f74a84bc73781c7d254b.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အာဏာသိမ်းမှု​ကြောင့် သူဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်တွေ ပျက်စီးသွားပြီး တောထဲမှာ လက်နက်ကိုင်ကာ တိုက်ပွဲဝင်နေရတဲ့ လူငယ်တစ်ဦး

မြန်မာလူငယ်လေးတွေကတော့ အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် အခက်အခဲတွေ များစွာကို ကျော်ဖြတ်ပြီး ပင်ပန်းဆင်းရဲခံကာ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပါတယ်။ PDF လူငယ်လေးတွေ စားရေးသောက်ရေးအဆင်ပြေဖို့အတွက်လည်း ပြည်သူတွေက တတ်နိုင်သလောက်ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေကြပါတယ်။ကျောင်းတတ်ရမယ့် အရွယ်လေးတွေဖြစ်ကြပေမယ့် တိုင်းပြည်ဒုက္ခရောက်ချိန်မှာတော့ အသက်နဲ့ရင်းပြီး ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်နေကြတဲ့ ဆယ်ကျော်သက်လူငယ်တွေလည်း ရှိကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ မင်းတပ်(CDF)လူငယ်လေးတစ်ယောက်ဟာ (၁၀)တန်းစာမေးပွဲပြီးရင် ဖြစ်ချင်တဲ့ အိမ်မက်တွေအကောင်အထည်ဖော်မယ်ဆိုပြီး မျှော်လင့်ခဲ့ပေမယ့် ယခုမှာတော့ လက်နက်ကိုင်ကာ တိုက်ပွဲဝင်ရတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ အဆိုပါCDFလူငယ်လေးက အာဏာသာ မသိမ်းခဲ့ရင် သူတို့လူငယ်လေးတွေဆိုတာ အထက်တန်း ကျောင်း ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ ဘောပင်ကိုင်ပြီး စာသင်နေရမှာဖြစ်ကြောင်း၊ ယခုမှာတော့ တိုင်းပြည်နဲ့ လူမျိုး(အနာဂါတ်)အတွက် ရုန်းကန်ပြီး တိုက်ပွဲဝင်နေရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

(2022)ခုနှစ်မှာတော့ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်စာပြန်သင်ချင်ကြောင်း၊ ကောင်းတဲ့အရာတွေ မကြာခင်လာတော့မယ်ဆိုတာယုံကြည်ကြောင်း သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အဆိုပါလူငယ်လေးက ကျောင်းပြီးရင် ဟိုဟာလုပ်မယ်ဒီဟာလုပ်မယ်ဆိုပြီးစိတ်ကူးခဲ့ပေမယ့် အခုတော့တောခိုနေရပြီဖြစ်ကြောင်း၊ ဝတ်စုံက ဒီထက်ကြီးတဲ့ ပုံစံမရှိလို့ဖြစ်ကြောင်း၊ယခုရက်ပိုင်းအတွင်း မိုးအေးနေတာကြောင့် ပြည်သူတွေကို ဂရုစိုက်စေချင်ကြောင်း ရေးသားပြောဆိုထားတာပဲဖြစ်ပါတယ်။ အဆိုပါCDFလူငယ်လေးကို ကျန်းမာရေးဂရုစိုက်ဖို့ ပြည်သူတွေက အားပေးစကားတွေ ပြောဆိုနေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T