ကျူးကျော်အိမ်ခြေရှိ နွမ်းပါးပြည်သူတွေပြေလည်စေဖို့အတွက် ငါးတစ်ကောင်လုံးအပြင် ရိက္ခာတွေပါလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/3a/3a90d88d96de0734a1ad18a8e9a72513a2aa9c36.jpg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေဟာ အခုအခါမှာဆိုရင်လည်း ၀မ်းမြောက်စရာအလှူဒါနလေးကို ရက်ရက်ရောရောပြုလုပ်ခဲ့ပြန်ပြီလည်း ဖြစ်ပါတယ်။ ကျူးကျော်အိမ်ခြေ (၂၀၀)ရှိ နွမ်းပါးပြည်သူတွေအတွက် စားနပ်ရိက္ခာတွေနဲ့ ငါးတွေပါစေတနာထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်.....။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

ခိုင်နှင်းဝေဟာ ပရဟိတမင်းသမီးလို့တင်စားရလောက်အောင် လိုအပ်နေတဲ့ချို့တဲ့နေရာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတဲ့သူပါ။ အခုအခါမှာဆိုရင်လည်း ပြည်သူတွေကို စနစ်တကျနဲ့ ဆန် (၂)ပြည်၊ ငါး (၁)ကောင်၊ ငါးပိ၊ ဂေါ်ဖီထုပ်များကို လှူဒါန်းပေးခဲ့ပြီး ပြည်သူတွေကလည်း ပျော်ရွှင်၀မ်းမြောက်စွာနဲ့ လာရောက်ယူနေကြတာကို တွေ့ရပါတယ်.....။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

အခုလို အဖက်ဖက်ကနေစီးပွားရေးကြပ်တည်းပြီး မပြေလည်နေကြတဲ့အချိန်မှာ အာဟာရကုသိုလ်ပေးခြင်းက အင်မတန်မွန်မြတ်လှတဲ့ ကုသိုလ်တစ်ရပ်ပါ ။ ခိုင်နှင်းဝေကလည်း မိဘမဲ့ဂေဟာက ကလေးငယ်တွေအပြင် ပြည်သူတွေရဲ့လိုအပ်ချက်ကိုပါ အမြဲနားစွင့်နေပြီး ကူညီပေးတတ်တာကြောင့် အများရဲ့လေးစားမှုကိုလည်း ရရှိနေတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T