ဆွစ်ဇာလန်နိုင်ငံရှိတောင်ပေါ်စားကျက်များတွင် နေရာယူထားတဲ့ နွားများကို ရဟတ်ယာဉ်များဖြင့် ထူးခြားစွာ ရွှေ့ပြောင်းပေးနေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/82/8249048eedbe8d89b37c85a0bb63b6edfb1ec731.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဆွစ်ဇာလန်နိုင်ငံ အမြင့်ပိုင်းတောင်ပေါ်မြက်ခင်းပြင်များတွင် ကျက်စားနေကြတဲ့ နွားများကို ရဟတ်ယာဉ်များဖြင့်ရွှေ့ပြောင်းခဲ့ရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေဟာ ထူးခြားတဲ့ မြင်ကွင်းတစ်ခုဖြစ်တာကြောင့် ဆိုရှယ်မီဒီယာထက်တွင် အတော်လေးကို နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအလယ်ပိုင်း ဒေသတစ်ခုတွင် စုစုပေါင်း နွား(၁၀)ကောင်ခန့်ကို တောင်ကြောများကနေ  ရဟတ်ယာဉ်များဖြင့်သယ်ယူရွှေ့ပြောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-Sky News 
Photo Crd-Sky News 
Photo Crd-Sky News 
Photo Crd-Sky News 

ဆိုင်းကြိုးတစ်ခုကို အသုံးပြုပြီး နွားများကို ရဟတ်ယာဉ်အောက်တွင် တွဲလွဲဆိုင်းပြီး ပြုလုပ်ခဲ့ရတာကြောင့် နွားများမှာ လေထဲပျံနေသလို ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။ အောက်တွင် စောင့်ဆိုင်းနေကြတဲ့တောင်သူများမှ နွားများဘေးကင်းစွာ ဆင်းသက်နိုင်ဖို့ ကြိုးများသုံးပြီး ကူညီလုပ်ဆောင်ပေးခဲ့ကြတာကိုလည်း ဗီဒီယိုဖိုင်ထဲတွင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့နွားများကိုတော့ တောင်နံဘေးအတိုင်း ခြေလျင်ဖြင့်သာ ဆင်းသက်စေခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Sky News 
Photo Crd-Sky News 
Photo Crd-Sky News 
Photo Crd-Sky News 
Photo Crd-Sky News 
Photo Crd-Sky News 

တောင်ပေါ်စားကျက်မြေများတွင် စုစုပေါင်း နွားအကောင်ရေ(၁၀၀၀) ဝန်းကျင်ခန့်ရှိပြီး အဆိုပါ နွားအုပ်ရဲ့ တစ်ရာခိုင်နှုန်းကိုသာ လေကြောင့်ဖြင့် သယ်ယူပို့ဆောင်ခဲ့တာဖြစ်ကြောင့် နိုင်ငံတကာသတင်းဌာနများတွင် ရေးသားထားကြပါတယ်။ ပရိသတ်တွေလည်း ဗဟုသုတအနေနဲ့ ကြည့်ရှုဖို့ရနိုင်စေဖို့ ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Sky News 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T