ထိုင်းနိုင်ငံက ဝင်ငွေကောင်းတဲ့ အလုပ်တွေကို စွန့်ပြီး လွတ်မြောက်နယ်မြေကို ရောက်လာရတဲ့ အဓိက အကြောင်းရင်းကို ဖွင့်ဟ ပြောပြလာတဲ့ လူငယ်လေးများ

//s9.kh1.co/81/819fc198d11988bff1a0f3bc93fa7472fdc78827.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.......

မတည်ငြိမ်နိုင်သေးတဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် စိတ်ဓာတ်ပြင်းထန်တဲ့ လူငယ်တွေ အများစုကတော့ သူတို့ရဲ့ အောင်မြင်နေတဲ့ ဘဝတွေကို စွန့်လွှတ်ပြီး လွတ်မြောက် နယ်မြေတွေထဲ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ စစ်ပညာသင်ကြားလျက်ရှိပါတယ် ။ ထင်သလောက် မလွယ်ကူတာမို့ လူတိုင်း မလုပ်နိုင်တာတော့ အမှန်ပါပဲ ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 

ဒီလို လွတ်မြောက်နယ်မြေကို ရောက်ရှိလာကြတဲ့ လူငယ်တွေ ထဲမှာ ပညာတတ်တွေ ပါဝင်သလို ၊ နေရာတစ်ခုမှာ ဝင်ငွေကောင်းကောင်းနဲ့ အဆင်ပြေနေကြတဲ့ သူတွေ အများကြီးပါပဲ ။ အခုလည်း ထိုင်းနိုင်ငံက ဝင်ငွေကောင်းတဲ့ အလုပ်တွေကို အဆင်ပြေပြေနဲ့ လုပ်ကိုင်နေရပေမယ့် တိုင်း ပြည်နဲ့ လူမျိုးအတွက် ပတ်စပို့စ်၊ ဗီဇာ၊ ဝါ့ပါမစ်တွေကို ပစ်ပြီး တောထဲမှာ ဒုက္ခမျိုးစုံကို ရင်ဆိုင်ကာ ဝင်ရောက်ခဲ့ကြရတဲ့အကြောင်းရင်းကို ရင်ဖွင့်ပြောကြားထားတဲ့ ပို့စ်တစ်ခုကို တွေ့ရကာ ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတာ အမှန်ပါပဲ ။

Photo Credit : Original Uploder
Photo Credit : Original Uploder

သူတို့ ချစ်ရတဲ့ မိဘတွေကို အရင်က ငွေများ ပို့ပေးကာ လုပ်ကျွေးခွင့်ရခဲ့ပေမယ့် အခုချိန်မှာ စွန့်ပစ်ထားရတဲ့ အကြောင်းကို " ထိုင်းနိုင်ငံက ဝင်ငွေကောင်းတဲ့ အလုပ်တွေကို စွန့်၊ ပတ်စပို့စ်၊ ဗီဇာ၊ ဝါ့ပါမစ်တွေကို ပစ်ပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ တောထဲမှာ ဒုက္ခမျိုးစုံခံကာ ကြိုးစားနေကြတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ခိုင်လုံတဲ့အကြောင်းပြချက်၊ ခိုင်မာတဲ့ခံယူချက်တွေကြောင့်ပါ။ သူတို့အားလုံးချစ်တဲ့ မြန်မာပြည်ကြီးကို စစ်အာဏာရှင့်လက်အောက်ကနေ အပြီးတိုင် လွတ်မြောက်စေချင်လွန်းလို့ပါ။ သူတို့တွေထဲမှာ ချစ်သူရည်းစားကို စွန့်ခဲ့သူ ပါတယ်...သူတို့ ချစ်ရတဲ့ မိန်းမ သားသမီးတွေကို စွန့်ခဲ့သူ ပါတယ်... သူတို့ လုပ်ကျွေးနေ ငွေပို့ပေးနေတဲ့ရမိဘတွေကို စွန့်ခဲ့သူ ပါတယ်....သူတို့ရဲ့ တောက်ပတဲ့ အနာဂတ် မျှော်လင့်ချက်တွေကို စွန့်ခဲ့သူ ပါတယ်...." ဆိုကာ သူတို့ ခံစားချက်တွေကို ရင်ဖွင့်ပြောကြားထားတာဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အားလုံး ဘေးအန္တရာယ် ကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploder
Photo Credit : Original Uploder
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T