ခက်ခဲကြမ်းတမ်းတဲ့ခရီးကို ဖြတ်သန်းနေရပေမယ့်လည်း ချစ်ခင်ပွန်းရဲ့ဘေးမှာ အပြုံးမပျက်ဘဲ အမြဲအတူရှိနေပေးတဲ့ မင်းမော်ကွန်းရဲ့ဇနီးနဲ့သားလေး

//s9.kh1.co/39/390e0af078f6771f22b0ff76a5ab4cff307a2851.jpg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ခက်ခဲကြမ်းတမ်းတဲ့ခရီးကို ဖြတ်သန်းနေရပေမယ့်လည်း ချစ်ခင်ပွန်းရဲ့ဘေးမှာ အပြုံးမပျက်ဘဲ အမြဲအတူရှိနေပေးတဲ့ မင်းမော်ကွန်းရဲ့ဇနီးနဲ့သားလေး

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းမော်ကွန်းက အရာရာကိုစွန့်လွှတ်စွန့်စားပြီး သူယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ် ။ တော်လှန်ရေးအစမှာကတည်းက တာဝန်ကျေပွန်ခဲ့တဲ့ မင်းမော်ကွန်းက အခုချိန်မှာဆိုရင်လည်း ကိုယ်တိုင်လက်နက်စွဲကိုင်ပြီး တော်လှန်နေတာ ဖြစ်ပါတယ် ။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦး ဖြစ်ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ရွေးချယ်ခဲ့တဲ့ မင်းမော်ကွန်းရဲ့စိတ်ဓာတ်က ရဲရင့်ပြတ်သားနေတာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader

လက်ရှိမှာတော့ မင်းမော်ကွန်းက လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ရောက်ရှိနေတာ တွေ့ရပါတယ်။ ဘေးကင်းလုံခြုံတဲ့နေရာကို မရောက်ခင်တုန်းကဆိုရင် မင်းမော်ကွန်းအနေနဲ့ အာဏာရှင်တွေရဲ့ဖမ်းဆီးခြင်းမခံရအောင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်းသာမက ဇနီးဖြစ်သူနဲ့ သားနှစ်ယောက်ကလည်း လုံးဝမခွဲခွာဘဲ အတူတူလိုက်ပါလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc

အခုလည်း မင်းမော်ကွန်းတို့မိသားစုရဲ့ပုံရိပ်လေးကို ရဲဘော်တစ်ဦးက ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ပုံထဲမှာတော့ မင်းမော်ကွန်းတို့သားအဖနှစ်ယောက်က လက်သုံးချောင်းထောင်ပြီး အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသခဲ့ကြတာ ဖြစ်ပါတယ် ။ ပါရမီဖြည့်ဖက်ကောင်းပီသတဲ့ မင်းမော်ကွန်းရဲ့ဇနီးက ခင်ပွန်းဖြစ်သူရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခဲ့သလို ဘေးမှာ အမြဲအတူရှိပေးနေတာလည်း ဖြစ်ပါတယ် ။ မင်းမော်ကွန်းရဲ့သားကြီးကတော့ တော်လှန်ရေးမှာ အတူတူ ပူးပေါင်းပါဝင်သလို သားငယ်လေးကလည်း တောထဲမှာနေနေရပေမယ့် ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ လွတ်မြောက်နယ်မြေတစ်နေရာက မင်းမော်ကွန်းတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Ye Min's FB Acc

Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Thinzar Hlaing's FB Acc
Photo Credit-Thinzar Hlaing's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T