ဝါယာလျှော့ဖြစ်ရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ်အတွင်း ပိတ်မိနေတဲ့မိသားစုကို အသက်ဘေးက အလျင်အမြန်ကယ်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု

//s9.kh1.co/a1/a1f39f37e1cf95a6f1e5d4be2f7423feda8456b7.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်တဲ့အချိန် မြို့နယ်တချို့တွေမှာ မီးလောင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ယင်းမီးလောင်မှုတွေကြောင့် ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားတဲ့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် အများအပြားဟာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ တချို့ မီးလောင်မှုတွေမှာ လူသေဆုံးခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာ တွေ့ရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

ယခုမှာလည်း ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း၊ ဘုရင့်နောင်ပုဂ္ဂလိကဈေးအနီး ယာမြေကုန်းသို့အသွား လမ်းကြားမှာ သြဂုတ်လ(၃၁)နေ့က မီးအနည်းငယ်လောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ကြောင်း ကြားသိရပါတယ်။ အဆိုပါဖြစ်စဥ်ဟာ ည(၁၁)နာရီ ဝန်းကျင်လောက်မှာစတင်ပြီး နေအိမ်အတွင်းမှာ ဝါယာလျှော့ဖြစ်ရာကနေ မီးအနည်းငယ်လောင်ကျွမ်းခဲ့ကာ မီးခိုးအများအပြားထွက်ရှိခဲ့ပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

အဆိုပါ ဝါယာလျှော့ဖြစ်မှုကြောင့် နေအိမ်အတွင်းမှာ ပိတ်မိနေတဲ့ ကလေးသူငယ်များအပါအဝင် မိသားစုကို အနီးပတ်ဝန်းကျင်က ပြည်သူတွေနဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့က အသက်ဘေးကနေ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နေအိမ်ထဲကနေ မိသားစုကို အလျင်အမြန် ကယ်ထုတ်နိုင်တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ရပြီး ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်လေးကို ပြန်လည်ဖော်ပြရင်း ပရိသတ်တွေလည်း မီးသတိထားကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T