မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ချိန်မှာ ပြဒါးနဲ့ထိတွေ့ခဲ့မိလို့ မျက်လုံးတစ်လုံးတည်းနဲ့ မွေးဖွားလာတဲ့ဝမ်းနည်းဖွယ် ကလေးငယ်ရဲ့ ရုပ်သံ

//s9.kh1.co/86/864fe9c3643a752687f56edf679dcc5ef89f5feb.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-သြ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ မျက်လုံးတစ်လုံးတည်းပါလာတဲ့ "cyclops" ကလေးမွေးဖွားခဲ့တာကြောင့် ဆရာဝန်များကို အံ့အားသင့်စေခဲ့ပေမယ့်လည်း ခုနစ်နာရီအကြာတွင် ကလေးမလေး ကုိဆုံးရှုံးခဲ့ရပါတယ်။ Sumana ပြည်နယ်မြောက်ပိုင်း Mandailing Natal ခရိုင် Rumah Sakit Umum Daerah ဆေးရုံတွင် Sumana Ariyanto နှင့် သူရဲ့ ဇနီး Suriyanti တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ ပဉ္စမမြောက်ကလေးမလေးကိုမွေးဖွားခဲ့ပါတယ်။ ဒါပေမယ့်ကိုယ်အလေးချိန် ၅ ပေါင်ရှိတဲ့ကလေးလေးဟာ အခြားအင်္ဂါတွေပြည့်စုံခဲ့ပေမယ့် သူမရဲ့နဖူးအလယ်မှာ မျက်လုံးတစ်လုံးနဲ့ပဲ မွေးဖွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/f5/f5d398772f68ca99be832f30f4821d3bf0d4a6fc.jpg

Suriyanti ဟာ အာထရာဆောင်းရိုက်ခြင်းမလုပ်ခဲ့တာကြောင့် သမီးဖြစ်သူအား တွေ့လိုက်ရတဲ့အခါ Shock ဖြစ်သွားပြီး ခင်ပွန်းနှင့်အတူ အခန်းထဲမှာ သူမကိုသူမ ပိတ်ထားခဲ့ပါတယ်။ ဆရာဝန်တွေက ကလေးကို အထူးကြပ်မတ်ကုသဆောင်မှာထားပြီး ကျန်းမာရေးအဖွဲ့က ၁၅ မိနစ်တိုင်း ကလေးမလေးကို စောင့်ကြည့်နေပေမယ့် ည ၁၀ နာရီ ၄၄ မိနစ် သူမမွေးဖွားတဲ့ညမှာပဲ ဆုံးသွားခဲ့ပါတယ်။ Mandailing Natal ခရိုင် ကျန်းမာရေးရုံးအကြီးအကဲ Dr Syarifuddin Nasution က “ ကလေးမလေးဟာ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုမှာမွေးဖွားခဲ့ပါတယ်၊ အဲ့အပြင်သူမမှာ နှာခေါင်းမရှိလို့ ပါးစပ်ကနေ အောက်ဆီဂျင်ပိုက်ထည့်ခဲ့ရပါတယ် " လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/29/29de860c7d87d5b3712dd9bb6370a3fe9ebbf57c.jpg
https://s9.kh1.co/__image/w=615,h=346,q=100/c8/c8b7e0e234e68d6109b76b5ab1836cf478c10671.jpg

ဆရာဝန်များက ဒီလိုအခြေအနေရှိတဲ့ ကလေးငယ်များကို ပုံမှန်အားဖြင့် ဗိုက်ခွဲမွေးကြောင်း ပြောပြခဲ့ပါသေးတယ်။ ပုံမှန်အားဖြင့် အဲ့လိုကလေးငယ်များရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်လျှင် ၁၀၀ နှုန်းအောက်တွင်ရှိပါတယ်။ Dr Syarifuddin က ကလေးအခုလို မသန်မစွမ်း ဖြစ်ရခြင်းမှာ ပြဒါးထိတွေ့မှုနှင့် Rubella Virus တို့ကြောင့်ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ မိဘများဟာ Panyabungan မြို့ ၊ Kayu Jati ရွာတွင်နေထိုင်ကြပြီး အဲ့ဒီက မိုင်းတွင်းတစ်ခုခုမှာ အလုပ်လုပ်ကြပါတယ်။ ဒါကြောင့်လည်း ကလေးဟာ ခုလို မကျန်းမာခဲ့ရခြင်းဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T