တော်ရုံလူသည်းခံနိုင်ဖို့မလွယ်တဲ့ ဝေဒနာကို တောထဲမှာ အလူးအလဲခံနေရတဲ့ PDF လူငယ်လေးတစ်ယောက်

//s9.kh1.co/08/081ca03b88a7696fb91c5e92e4846ab5e01d5cbb.jpeg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက အစပြုခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးကိုတော့ မျိုးဆက်သစ်လူငယ်တွေက ဦးဆောင်ခဲ့ကြတာဖြစ်ပြီး ယနေ့အချိန်ထိ သွေးမအေး အားမလျော့သွားခဲ့ကြပါဘူး..။

လူငယ်အများစုဟာ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲ အန္တရာယ်အသွယ်သွယ်ကြားက အသက်ကို ပဓာနမထားဘဲ ရရာလက်နက်ဆွဲကိုင်ကာ ကြိုးစားတော်လှန်နေကြတာ ဖြစ်ပါတယ်..။

Photo Credit - ဗိုလ်နဂါး Fb Acc
Photo Credit - ဗိုလ်နဂါး Fb Acc

စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ရင်း အနေဆင်းရဲ အစားဆင်းရဲစွာနဲ့ နေထိုင်စားသောက်နေရပြီး တော်ရုံလူသည်းခံနိုင်ဖို့မလွယ်တဲ့ ဝေဒနာကို တောထဲမှာ အလူးအလဲခံနေရတာတွေကိုလည်း ပြသလာပါတယ်..။

နေ့ခင်းဘက်မှာတောင် အဖုအပိတ်တွေ ထွက်တဲ့အထိ ခြင်တွေအရမ်းကိုက်တာခံနေရငပြီး ဆေးလိမ်းလည်း မရတာကြောင့် တရားစခန်းဝင်တဲ့ယောဂီတွေ သုံးတဲ့ခြင်ထောင် အရှည်တွေထဲ တနေ့လုံးဝင်နေရမလို ဖြစ်နေတဲ့အကြောင်းတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။

Photo Credit - ဗိုလ်နဂါး Fb Acc
Photo Credit - ဗိုလ်နဂါး Fb Acc
Photo Credit - ဗိုလ်နဂါး Fb Acc
Photo Credit - ဗိုလ်နဂါး Fb Acc

​နေ့ခင်းဘက်အချိန်မှာတောင် အခုလိုအဖုအပိတ်ထွက်တဲ့အထိ ခြင်ကိုက်ခံရပြီး ညဘက်အချိန်တွေမှာတော့ ပိုဆိုးတာကြောင့် ဒီလိုခြင်ကိုက်တာကနေ ငှက်ဖျားရောဂါဖြစ်ပြီး အချိန်မီမကုသနိုင်ရင် အသက်ဆုံးရှုံးတာတွေအထိပါ ဖြစ်နိုင်ပါတယ်..။

​ပြည်သူတွေကတော့ အခုလို ဒုက္ခခံပြီး ကြိုးစားတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် စိတ်မကောင်းဖြစ်ကြရသလို အစစအရာရာ အန္တရာယ်ကင်းဘေးရှင်းစေဖို့နဲ့ ကျန်းမာရေးကောင်းမွန်ပြီး အောင်ပွဲတွေနဲ့အတူ အိမ်ပြန်လာနိုင်ကြဖို့ကိုလည်း ဆုတောင်းအားပေးပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - ဗိုလ်နဂါး Fb Acc
Photo Credit - ဗိုလ်နဂါး Fb Acc

သတင်း အရင်းအမြစ်ဗိုလ်နဂါး Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T