ဆိုင်ခန်းပေါင်း (၉၀၀)ကျော်လောက် ပျက်စီးဆုံရှုံးခဲ့ရတဲ့အထိ မီးလောင်မှုဖြစ်ခဲ့တဲ့ ရွှေဘိုမြို့မစျေးမှာ ဒုတိယအကြိမ် ထပ်မံမီးလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်

//s9.kh1.co/e4/e4b2f2d25155ac48f828d8c32ba4e025fcdb6ba0.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော အချိန်ကာလတွေမှာ မြန်မာနိုင်ငံအတွင်း မြိုနယ်တချို့တွေမှာ မီးလောင်မှုတွေဟာ မကြာခဏ ဖြစ်ပွားလာခဲ့တာ တွေ့ရပါတယ်။ ဒီလိုမီးလောင်မှုတွေကြောင့် ပြည်သူတွေ ကြိုးစားရှာဖွေစုဆောင်းထားတဲ့ အရာတော်တော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ယခုနောက်ပိုင်းမှာ အများဆုံး မီးလောင်မှုဖြစ်ပွားနေတာကတော့ နေအိမ်များနဲ့ အများပြည်သူတွေ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ စျေးများ အဖြစ်များတာကို တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုနှစ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်တွေမှာ ပြီးခဲ့တဲ့ မေလ(၁၆)ရက်နေ့တုန်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မစျေး မီးလောင်မှုဟာ အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။ ယင်းမီးလောင်မှုကြောင့် စျေးသူစျေးသားတွေရဲ့ ဆိုင်ခန်းပေါင်း (၉၀၁) ဆိုင်လောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ယခုအခါမှာလည်း သြဂုတ်လ(၃၀)ရက်နေ့က အဆိုပါ ရွှေဘိုမြို့မစျေးမှာ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ညနေ(၆:၃၀)ဝန်းကျင်ခန့်မှာ စတင်မီးလောင်ခဲ့ပြီး ည(၇)ဝန်းကျင်လောက် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းတချို့ ပါသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒုတိယအကြိမ် ထပ်မံမီးလောင်မှုဖြစ်ခဲ့တဲ့ ရွှေဘိုမြို့မစျေး ရဲ့ အခြေအနေကို ပရိသတ်တွေသိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T