ဥပုဒ်သီလဆောက်တည်ဖို့ ပေ (၄၀) ကျော်မြင့်တဲ့တောင်ပေါ်ကို အမြဲတမ်းသွားတတ်တဲ့ အသက် (၁၀၀) ကျော်အဖွား ဒေါ်မဲလှချေ

//s9.kh1.co/7b/7bad42a5c397ee4b9a74ff29ece999b364e0fe25.png
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က အသက် (၁၀၅) နှစ်အရွယ် အဖွားဒေါ်မဲလှချေဟာ ပေ (၄၀) ကျော် မြင့်တဲ့ တောင်ပေါ်က မြို့ဦးဂေါင်းကျောင်းကိုလာပြီး မုန့်တီဆွမ်းကပ်ကာ ဥပုဒ်သီလဆောက်တည်လေ့ ရှိပါတယ်။ အသက်အရွယ်ကြီးရင့်ပြီးနောက်မှာ တရားအသိနဲ့နေထိုင်ပြီး ကိုယ့်ဘဝရဲ့နေဝင်ချိန်ထိ အကောင်းဆုံးတရားဓမ္မတွေနဲ့ တူယှဉ်တွဲဖို့ကြိုးစားနေခဲ့ပါတယ်။ ရင်ထဲမှာရှိတဲ့ပူလောင်မှုတွေအားလုံးကို တရားအသိနဲ့ပဲချေဖျက်ပြီး အေးချမ်းစွာနေထိုင်ခြင်းဟာ တန်ဖိုးဖြတ်မရနိုင်ပါဘူး။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

အဖွားဒေါ်မဲလှချေဟာ အသက်အရွယ်ကြီးရင့်နေပေမယ့် တရားအလုပ်တွေလုပ်ဖို့အတွက် ပေ (၄၀) ကျော်မြင့်တဲ့ တောင်ပေါ်ကိုတက်ပြီး ဥပုဒ်သီလဆောက်တည်ဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။ သူမသေဆုံးသွားခဲ့ရင်လည်း သူမရဲ့ဈာပနကို တင့်တင့်တယ်တယ်ပြုလုပ်ပေးဖို့ မြို့ဦးဂေါင်းကျောင်းက ဆရာတော်ကို လျောက်ထားခဲ့ပါသေးတယ်။ တရားအသိနဲ့ပျော်မွေ့တတ်တဲ့ အဖွားက လာခြင်းကောင်းသလို ပြန်ခြင်းလည်းကောင်းမှာ အသေအချာပါပဲ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဒီလိုခေတ်မကောင်းတဲ့အခြေအနေမှာတောင် တရားဓမ္မတွေနဲ့မွေ့ပျော်ချင်တဲ့အဖွားဟာ ကျောင်းကို အရောက်သွားပြီး မုန့်တီဆွမ်းကပ်ကာ ဓမ္မအရိပ်မှာအေးချမ်းနေခဲ့ပါတယ်။ ယောဂီဝတ်စုံလေးဝတ်ပြီး အေးချမ်းတဲ့ပကတိအသွင်နဲ့ တရားအရိပ်မှာ ခိုလှုံတတတ်တဲ့ အဖွား ဒီထက်မသ အသက်ရှည်ပြီး အေးချမ်းတဲ့တရားအလုပ်တွေကို ပိုလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T