ပြည်သူနဲ့အတူပူးပေါင်းကြတဲ့ တပ်မတော်သားတွေအတွက် ရိက္ခာနဲ့ထောက်ပံ့ပစ္စည်းတွေပံ့ပိုးပေးခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်များ

//s9.kh1.co/16/160fccdf49e5660b2f697a763dd9eb28598b7e19.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာပြည်သူတွေကတော့ အာဏာရှင်ကို ယနေ့အချိန်ထိ ဆန့်ကျင်နေကြပြီး တော်လှန်ရေးနယ်မြေတွေထဲ သွားရောက်ကာ စစ်ပညာကို ပင်ပင်ပန်းပန်းနဲ့ သင်ယူနေကြတာကိုတွေ့ရပါတယ်။ တော်လှန်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှ ပြည်သူနဲ့အတူပူးပေါင်းလာကြတဲ့ တပ်မတော်သားတွေလည်း တစ်ဆထက်တစ်ဆများပြားလာနေပြီး ပြည်သူတွေဘက်ကလည်း ထောက်ပံ့မှုတွေပြုလုပ်ပေးကြတာကို တွေ့ရပါတယ်။

Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc

အခုအခါမှာဆိုရင်လည်း တော်လှန်ရေးနယ်မြေရောက် ရဲဘော်တစ်ဦးဟာ ပြည်သူနဲ့အတူပူးပေါင်းပြီး လာရောက်ခိုလှုံကြတဲ့တပ်မတော်သားတွေအတွက် ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေ လှူဒါန်းခဲ့ပြီး ငွေကြေးအချို့ပါလှူဒါန်းခဲ့တာဖြစ်ပါတယ် ။ NUG အစိုးရမှ ကိုယ်ပိုင်နံပါတ်ချပေးထားသော ပြည်သူ့သားကောင်းတစ်ဦးချင်းစီကိုလည်း လစဉ်ငွေကျပ် (၃)သိန်းပေးအပ်ရန်လည်း

ညှိုနှိုင်းနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc

အခုလိုမျိုးတပ်မတော်သားတွေအနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းလာကြခြင်းဟာ ၀မ်းသာစရာကိစ္စရပ်ပဲ ဖြစ်ပါတယ် ။ ထိုင်းရောက်မြန်မာများအသင်းအဖွဲ့ဖြစ်တဲ့ AAC ကလည်း တတ်နိုင်သရွေ့ကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးနေပြီး လိုအပ်ချက်တွေတော့ အခုအချိန်ထိရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc
Photo credit- Ye Min Kyi's Facebook acc

သတင်း အရင်းအမြစ်Ye Min Kyi's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T