ဘဝမှာ တစ်ခါပဲသေရတာကြောင့် အမှန်တရားအတွက်ရဲရင့်ဖို့လိုကြောင်း ရဲဘော်ရဲဘက်တွေကို ပြောဆိုလိုက်တဲ့ CDMဗိုလ်ကြီးခန့်ကို

//s9.kh1.co/22/2203086c6439d7af2a7aea8757fe78c51bf2d9d1.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဘဝမှာ တစ်ခါပဲသေရတာကြောင့် အမှန်တရားအတွက်ရဲရင့်ဖို့လိုကြောင်း ရဲဘော်ရဲဘက်တွေကို ပြောဆိုလိုက်တဲ့ CDMဗိုလ်ကြီးခန့်ကို

အာဏာရှင်ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ တပ်မတော်သားတွေလည်း ပါဝင်လာနေကြပြီး ဗိုလ်ကြီးခန့်ကိုတစ်ယောက်ဟာလည်း CDMပြုလုပ်ထားကာ တပ်က ထွက်လာသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဗိုလ်ကြီးခန့်ကိုကတော့ တပ်တွင်းက လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊CDMလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မကြာခဏရေးသားမျှဝေပေးလေ့ရှိသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဗိုလ်ကြီးကတော့ ဘဝမှာတစ်ခါပဲ သေရတာကြောင့် အမှန်တရားအတွက် ရဲရင့်ဖို့လိုကြောင်း တပ်တွင်းက ရဲဘော်ရဲဘက်တွေကို ပြောဆိုလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

CDMလှုပ်ရှားမှုမှာ ပါဝင်နေပေမယ့် တပ်တွင်းက ရဲဘော်ရဲဘက်တွေအပေါ် သံယောဇဥ်ရှိနေသေးတဲ့အတွက် နောက်ဆုံးအကြိမ်အနေနဲ့ ပြောဆိုလိုက်တာ ဖြစ်ကြောင်း ​ဗိုလ်ကြီးခန့်ကိုက ပြောပြလာခဲ့ပါတယ်။ တပ်ထဲဝင်ခဲ့တာက တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ဖို့ဖြစ်ပြီး အာဏာရှင်ကို ကာကွယ်ဖို့မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားဖို့ လိုကြောင်း ဗိုလ်ကြီးက ဖွင့်ဟလာခဲ့ပါတယ်။ ဘဝမှာ တစ်ခါပဲသေရတာဖြစ်လို့ အမှန်တရားအတွက် ရဲရင့်ဖို့ လိုကြောင်း  ရဲဘော်တွေကို ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတွေက အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးသမားတစ်ယောက် ကျဆုံးသွားတဲ့အခါ ဝမ်းနည်းကြေကွဲကြပေမယ့် အာဏာရှင် လက်အောက်က လူတစ်ဦးကျဆုံးတဲ့အခါ လူလို့တောင် သတ်မှတ်ပေးမခံရတဲ့အထိ မေတ္တာတွေမရှိတော့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ စစ်သားတစ်ခါဖြစ်ခဲ့ဖူးရင် တစ်သက်လုံးစစ်သားဖြစ်ကြောင်း၊ ကိုယ်ရွေးတဲ့လမ်း ကိုယ်လျှောက်ရမှာဖြစ်တာကြောင့် အာဏာရှင်စစ်သားနဲ့ ပြည်သူ့ စစ်သားဆိုတဲ့ ကြိုက်တဲ့လမ်းကို ရွေးစေချင်ကြောင်း ဗိုလ်ကြီးခန့်ကိုက ပြောပြထားခဲ့တာပဲ ဖြစ်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T