ရောဂါဝေဒနာခံစားနေရတဲ့ အိမ်ခြေမဲ့တစ်ဦးကို ဆေးရုံအရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့ ခွေးလိမ္မာလေးများ

//s9.kh1.co/c9/c9260cd02e010b9bbbd61019d5b469b61774f772.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခွေးဆိုတဲ့ သတ္တဝါမျိုးဟာ သူ့အပေါ်ကိုတစ်လုပ်တစ်ဆုပ်ကျွေးဖူးရင်တောင် သခင်လို့သတ်မှတ်ပြီး သူတို့အပေါ်ကျေးဇူးရှိတဲ့ သူကို ကျေးဇူးဆပ်ဖို့ကြိုးစားတတ်တဲ့သတ္တဝါတွေပဲဖြစ်ပါတယ်။ ဒါကို သက်သေပြခဲ့တဲ့အဖြစ်အပျက်ကတော့ ဘရာဇီးနိုင်ငံက လူနာတစ်ယောက်ဆေးရုံလာပြတာကနေစခဲ့တာပါ။ Cesar လို့ခေါ်တဲ့လူနာဟာ ခြေသလုံးအိမ်တိုင်သွားလာနေရတဲ့ အိမ်ခြေမဲ့တစ်ယောက်ဖြစ်ပြီး ဆွေမျိုးသားချင်းတစ်ယောက်မှမရှိတဲ့သူပဲ ဖြစ်ပါတယ်။ သူဟာ ရောဂါဝေဒနာတစ်ခုကို အပြင်းအထန်ခံစားနေခဲ့ရတဲ့အတွက် အခမဲ့ကုပေးတဲ့အစိုးရဆေးရုံကို ရောက်လာခဲ့ရပါတယ်။

https://s9.kh1.co/__image/w=640,h=640,q=100/7d/7dd068e5241150184a37c378699faa46ce3e6a32.jpg

တာဝန်ကျဆရာဝန် Mamprim နဲ့ နာစ့်တွေရဲ့ပြုစုကုသပေးမှုကြောင့် စိုးရိမ်စရာအခြေအနေကို ကျော်လွန်နိုင်ခဲ့ပါတယ်။ ဒါနဲ့ပဲအခြေအနေတွေအားလုံးအေးဆေးဖြစ်သွားတော့ ရောဂါရဲ့နောက်ကြောင်းကိုမေးမြန်းပြီး လူနာရှင်အနေနဲ့ ဘယ်သူပါလဲ ဘာညာ မေးတဲ့အခါမှာ Cesar ကဆေးရုံအပေါက်ဝကိုလက်ညှိုးထိုးပြခဲ့ပါတယ်။ Caserညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ ဆေးရုံအပေါက်ဝမှာ Cesar ကိုစိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတဲ့လမ်းဘေးခွေးလေး‌ေတွ ဖြစ်နေပါတယ်။ Caserဟာလမ်းဘေးခွေးလေးတွေကို သူစားတဲ့အစားအစာထဲက တစ်ဝက်လောက်ကိုအမြဲတမ်းမျှဝေကျွေးနေကျဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုအစာကျွေးနေတဲ့ သခင်ပါပဲ။

https://s9.kh1.co/__image/w=650,h=623,q=100/57/57cd23bdbafa7b77a4bd54d6dcd7093bc1adba1a.jpg
https://s9.kh1.co/__image/w=620,h=550,q=100/e5/e572e2411278859fd023d46350ec182a2fc03678.jpg

ခွေးလေးတွေဟာ စိုးရိမ်နေတဲ့အကြည့်တွေနဲ့ တစ်ချက်တောင်မျက်နှာမလွှဲဘဲ Caserကိုအပေါက်ဝကနေ စနစ်တကျငြိမ်ငြိမ်လေးစောင့်ကြည့်နေခဲ့ကြပါတယ်။ နာရီတော်တော်ကြာတဲ့အထိပါပဲ။ ဒါနဲ့ပဲ ဆေးရုံကဆရာဝန်နဲ့ နာစ့်တွေက အရမ်းကို သဘောကျလေးစားလွန်းတဲ့အတွက်ခွေးလေးတွေကို အထဲဝင်ခွင့်ပေးပြီး သခင်နဲ့တွေ့ခွင့်ပေးခဲ့ပါတယ်။ Caserကိုယ်တိုင်က "ငါ့ကိုယုံစမ်းပါ ငါဘာမှမဖြစ်တော့ပါဘူးကွာ" လို့ဆိုလိုက်တော့မှ စိုးရိမ်နေတဲ့ပုံလေးတွေပျောက်ပြီး အရင်လိုအမြီးလေးတတနှံ့နှံ့ပြန်ဖြစ်လာခဲ့ပါတယ်။ နောက်ထပ်(၁)ရီကျော်ကြာဆေးစစ်ချက်တွေ ကုသမှုတွေခံယူပြီးနောက် Caserတစ်ယောက်ဆေးရုံကဆင်းခွင့်ရခဲ့ပါတယ်။ဒီနောက်မှာတော့ သူ့ရဲ့ ခွေးလိမ္မာလေးတွေနဲ့အတူ အမှောင်ထဲကို ရွေ့ရွေ့ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=930,q=100/7c/7c1bbb44f4095d2444f0ee759a0074519133be9d.jpg

သတင်း အရင်းအမြစ်thedodo

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T