မတွေ့တာ မဆုံတာကြာပြီဖြစ်တဲ့ ပရိသတ်တွေနဲ့စကားပြောပြီး လက်ရှိကျန်းမာအခြေအနေတွေကိုပြသလာတဲ့ ဦးမိုးဒီရဲ့ Live ဗီဒီယို

//s9.kh1.co/30/30d6455cae318d3c5d4363ef2d87f9165528d83f.jpeg
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ရယ်စရာဟာသပြတ်လုံးတွေနဲ့ ဟာသဉာဏ်ရွှင်မှုတွေအပြင် ဟန်ပန်အမူအရာတွေကြောင့် ယနေ့အချိန်ထိပရိသတ်တွေ အမြဲအမှတ်ရနေတဲ့ ဝါရင့်ဟာသလူရွှင်တော် ဦးမိုးဒီကတော့ လက်ရှိမှာ အသက်အရွယ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတာ ဖြစ်ပါတယ်..။

လတ်တလောမှာ ကိုဗစ်ရောဂါတွေ ကူးစက်ပြန့်ပွားမှုကြောင့် သက်ကြီးရွယ်အို အနုပညာရှင်တွေအတွက် ပရိသတ်တွေက စိုးရိမ်နေကြသလို ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ပူနေကြပါတယ်..။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

ဒီကနေ့မှာတော့ လူရွှင်တော်မိုးစက်က တောင်ဥက္ကလာမှာနေထိုင်တဲ့ ဦးမိုးဒီရဲ့နေအိမ်ကို ရောက်ရှိနေကာ အလှူငွေတွေ ပေးအပ်ရင်း နှစ်ယောက်အတူ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောခဲ့ကြပါတယ်..။

ဦးမိုးဒီကတော့ ချစ်ခင်အားပေးပြီး မတွေ့တာကြာပြီဖြစ်တဲ့ ပရိသတ်တွေနဲ့ စကားပြောပြီး လက်ရှိကျန်းမာအခြေအနေတွေကို Live လွှင့်ပြသလာတာဆိုလည်း မမှားပါဘူး..။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

အသက်(၇၄)နှစ်ကျော်ပြီဖြစ်တဲ့ ဦးမိုးဒီကတော့ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေပြီး ပရိသတ်တွေနဲ့ ရယ်ရယ်မောမော ပျော်ပျော်ပါးပါး စကားတွေအပြန်အလှန်ပြောနေတာ တွေ့ရမှာပါ..။

ပရိသတ်တွေမေးသမျှကို ပြန်ဖြေရင်း အပြန်အလှန်စကားတွေပြောနေတဲ့ ဘဘဦးမိုးဒီရဲ့ Live ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သတင်း အရင်းအမြစ်Moe Sat's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T