ပုဂံတွင် ယနေ့မနက်ပိုင်းအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များထဲအထိ ရေတွေ၀င်ရောက်နေမှုမြင်ကွင်းများ

//s9.kh1.co/9d/9d094ac3c25f56da5082cb6624ab239dbd68c0ec.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကူးစက်မှုအခြေအနေတွေအပြင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးမှုအန္တရာယ်တွေလည်းကြုံတွေ့နေရပြီး ပြည်သူတွေအနေနဲ့ စား၀တ်နေရေးကြပ်တည်းနေကြတဲ့အပြင် သေဆုံးသူဦးရေတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးပွားလာနေတာဖြစ်ပါတယ်။ အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊ဆေးဝါးစတာတွေကို ကူညီ‌ပေးနေကြတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မိုးနှောင်းကာလလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး မြစ်ရေတက်မှုတွေအပြင် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်နေတာတွေ့ရပါတယ် ။ ယနေ့ မနက်ပိုင်းမှာဆိုရင်လည်း မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး ပုဂံဒေသဘက်မှာလည်း ရေလွှမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

လူနေအိမ်တွေထဲထိ ရေတွေအလုံးအရင်းနဲ့၀င်ရောက်လာပြီး လမ်းမထက်တွေမှာလည်း ရေတွေအပြည့်ဖြစ်နေတာကို မြင်ရပါတယ် ။ ပုဂံဘုရားအချို့လည်း တိုက်မနံရံတွေပြိုကျခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T