တောတောင်ထဲမှာနေပေမယ့် ကိုဗစ်ရောဂါဖြစ်မှာစိုးတာကြောင့် swab test ယူပြီး ထွက်လာတဲ့ အဖြေကို ချပြလာတဲ့ ဟားငါးကောင်အဖွဲ့

//s9.kh1.co/c6/c6198dcc53a4b9e5d0df51b1de8d2f112c2e2cc9.jpeg
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါဟာ နေရာဒေသအနှံ့အပြားမှာ ဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။ တောတောင်ထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးကုသရန် အပြည့်အစုံမရှိတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရတာတွေကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။ ဒီလိုအခြေအနေတွေမှ ကာကွယ်ရန်အတွက် ဟားငါးကောင်အဖွဲ့သားများကလည်း swab test ယူပြီး ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ကြတာကို မကြာသေးခင် မိနစ်ပိုင်းလောက်က လူရွှင်တော်ပိုးလေးရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ 

Photo Crd-Ko Ko Poe Lay’s Facebook Account 

 ငါးယောက်လုံးကိုဗစ် swab test ယူပြီး ထွက်လာတဲ့ ရလာဒ်ကို ပရိသတ်တွေအား ချပြလာခဲ့တာ ဖြစ်ပါတယ်။ တောထဲမှာ နေထိုင်ရပေမယ့်လည်း ကိုဗစ်ရောဂါဆိုး ဝင်ရောက်နေမှာစိုးတဲ့အတွက် အခုလို စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။ Swab Test ယူပြီး ထွက်လာတဲ့ ရလာဒ်များအရ ဟားငါးကောင်အဖွဲ့သားများအားလုံး ကိုဗစ်ရောဂါမရှိ (Negative) ဖြစ်ကြောင်းလူရွှင်တော် ပိုးလေးမှ ပရိသတ်တွေကို ဝမ်းသာစွာဖြင့် ရေးသားဝေမျှပေးထားတာ ဖြစ်ပါတယ်။ 

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 

ဟားငါးကောင်အဖွဲ့သားများဟာ တောထဲတောင်ထဲတွင် အခက်အခဲတွေများစွာရှိနေတဲ့ကြားက တော်လှန်ရေးအတွက် ကြိုးစားလုပ်ဆောင်နေကြတာကို အားတက်ဖွယ် မြင်တွေ့ရပါတယ်။ လွတ်မြောက်နယ်မြေတွင်အဆင်ပြေသလို နေထိုင်နေရတဲ့ အခြေအနေတွေကိုလည်း အားလုံးသိရှိစေဖို့ သူတို့ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့်ဝေမျှပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေ သိရှိစေဖို့ တောထဲမှာ swab test စစ်နေကြတဲ့ ဟားငါးကောင်အဖွဲ့သားများရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ko Ko Poe Lay’s Facebook Account 

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T