ကိုယ်ဝန်ဆောင်ချိန်အတွင်း အရမ်းတွေ့ချင်နေတဲ့ Song Joong Ki ကို ကံကောင်းစွာ Video Call နဲ့ တွေ့ခွင့်ရခဲ့တဲ့ အင်ဒိုနီးရှားက ပရိသတ်တစ်ဦးရဲ့ ရုပ်သံ

//s9.kh1.co/73/73a1680b2c7889797bea8ceb31c7ffab10cb7d4c.jpg
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး မင်းသားချော Song Joong Ki ဟာ မြန်မာပရိသတ်တွေအပါအဝင် နိုင်ငံအသီးသီးက ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိခဲ့သူပဲ ဖြစ်ပါတယ်။ Song Joong Ki ဟာ ထူးခြားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်နေခဲ့သူပဲ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်အများစုကတော့ သူ့ကို Songလို့ခေါ်ကြပြီး လွန်ခဲ့တဲ့ (၂)နှစ်လောက်က ဇနီးဖြစ်သူ Song Hye Kyoနဲ့ လမ်းခွဲကွာရှင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Song Joong Ki Fan GROUP
Photo Credit - Song Joong Ki Fan GROUP
Photo Credit - Song Joong Ki Fan GROUP
Photo Credit - Song Joong Ki Fan GROUP

လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး တစ်ခါတလေ သူရဲ့ချစ်တဲ့ပရိသတ်တွေနဲ့ လည်း Video Call များဖြင့် အချိန်ပေးတွေ့ဆုံတာတွေလည်း ရှိခဲ့ပါတယ်။ ယခုမှာလည်း အင်ဒိုနီးရှားနိုင်ငံက ပရိသတ်တွေကြားမှာ Song Joong Ki ရဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ ဒါကတော့ အင်ဒိုနီးရှားက ပရိသတ်တစ်ယောက်ဟာ Song Joong Ki နဲ့ Video Call ကနေတစ်ဆင့် တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Song Joong Ki Fan GROUP
Photo Credit - Song Joong Ki Fan GROUP
Photo Credit - Song Joong Ki Fan GROUP
Photo Credit - Song Joong Ki Fan GROUP

အဆိုပါအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံက နာမည်ကြီး အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားချိန်အတွင်းSong Joong Ki အား တွေ့ချင်ခဲ့တာကြောင့် သူမဟာ ကံကောင်းစွာ Video Call နဲ့ တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ Song Joong Ki ကလည်း ရိုက်ကူးရေး လုပ်နေစဥ်အတွင်းမှာ သူ့ရဲ့ပရိသတ်ကို Video Call ဖြင့် နွေးထွေးပျူငှာစွာ ပြန်လည် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားပရိသတ်ကို နွေးထွေးပျူငှာစွာ ​ပြန်လည်တွေ့ဆုံခဲ့တဲ့ Song Joong Ki ရဲ့ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှုလို့ရအောင် ပရိသတ်တွေအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Song Joong Ki Fan GROUP

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T