ကျန်းမာရေးအခြေအနေ အတော်လေးဆိုးရွားခဲ့တဲ့ မင်းမော်ကွန်းအား အရေးပေါ်ကုသခဲ့ရတဲ့ မမေ့နိုင်စရာဖြစ်ရပ်ကို ဖွင့်ဟလာတဲ့ လူငယ်တစ်ဦး

//s9.kh1.co/fd/fdfc6f791594d07af1625e0ce9cc0a0da2b0cf54.jpeg
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းမော်ကွန်းကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ရွှေဘုံစံတဲ့ ဘဝကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ မင်းမော်ကွန်းရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို လေးစားနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း တိမ်းရှောင်နေစဉ် စိတ်ထိခိုက်နာကျင်မှုတွေကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားခဲ့တဲ့ မင်းမော်ကွန်းရဲ့အကြောင်းတွေကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသူတစ်ဦးမှ သူ့ရဲ့ လူမှုကွန်ယက်တွင် ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မင်းမော်ကွန်းဟာ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေအပြီး ထွက်ပြေးတိမ်းရှောင်ရင်း တိုက်ပျက်ကြီးတွေ၊ လူမနေ၊ မီးမရှိ၊ရေမရှိတဲ့ အဆောက်အအုံပျက်တွေမှာ ပုန်းခိုနေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ညဘက်တွေဆို သရဲကားတွေထဲကလိုချောက်ချားစရာအပြည့်နဲ့အမှောင်ညတွေကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ ခရီးကြမ်းအရှည်ကြီးကို ဖြတ်ကျော်လာပြီး စာရေးသူထံ ရောက်လာတဲ့အချိန်မှာတော့ မင်းမော်ကွန်းရဲ့ကျန်းမာရေး အခြေအနေဟာ အလွန်ဆိုးရွားနေခဲ့တာကြောင့် ညတွင်းချင်း အရေးပေါ်အကူအညီတောင်းခဲ့ရပြီး ဆေးတွေချိတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ တစ်ညလုံးဆေးသွင်းပြီး မနက်မိုးလင်းတဲ့အချိန်မှာတော့ လန်းဆန်းမှုတစ်ချို့ကို သူ့မျက်နှာပေါ်တွင် မြင်တွေ့ရတာကြောင့်စိတ်အေးသွားခဲ့ရကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

 အစားနည်းနည်း ဝင်သွားတာနဲ့ ခဏခဏ ပြန်အန်ပြီး တစ်ပတ်လောက် ဆေးကုသမှုခံယူပြီးမှသာ အခြေအနေပြန်ကောင်းလာခဲ့တာ ဖြစ်ပါတယ်။ နေမြန်မြန်ပြန်ကောင်းမှ အလုပ်တွေဆက်လုပ်နိုင်မှာဖြစ်ကြောင်း တဖွဖွပြောခဲ့တယ်လို့လည်း စာရေးသူမှ ရေးသားထားပါတယ်။ သူ့အသက်အရွယ်၊ သူ့ဘဝဖြတ်သန်းမှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကာလတစ်လျှောက် နေရာအနှံ့အပြားမှာ သူကြုံခဲ့ရတဲ့ ကြမ်းတမ်းပင်ပန်းမှုတွေကို ကြံ့ကြံ့ခံကျော်လွှားနိုင်ခဲ့တာကို ပြန်ကြည့်ခြင်းအားဖြင့် စိတ်ဓာတ်အလွန်သန်မာပြီး မြန်မာပြည်ကို အာဏာရှင်လက်ထက်က အပြီးတိုင် လွတ်မြောက်စေချင်တဲ့ သူ့စေတနာကိုလည်း အထင်းသား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မင်းမော်ကွန်းတစ်ယောက် ကွဲကွာနေရတဲ့ မိသားစုဝင်များနဲ့ အမြန်ဆုံးပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T