ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံမြို့ ဗဟိုစည်ဈေး မီးလောင်မှုမြင်ကွင်း ဗီဒီယို

//s9.kh1.co/a6/a6e9c7216d358d960ec168acad882ee51827ff81.jpeg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ဒီကနေ့ ဩဂုတ်လ(၃၁)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်ခန့်က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ဗဟိုစည်ဈေး (၇၀/၇၁ ဈေး) အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်..။

ဗဟိုစည်ဈေး မီးလောင်မှုမှာ မနက် (၆)နာရီ (၁၅)မိနစ်တွင် စတင်ခဲ့ပြီး (၆)နာရီ (၃၅)မိနစ်တွင် မီးငြိမ်းခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပြခဲ့ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အဆိုပါဈေးမီးလောင်မှုမှာ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရှိရပြီး လူထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်..။

ဈေးက အခုမှအသစ်ဆောက်ထားတဲ့ ဈေးအသစ်ကြီးဖြစ်ပြီး ထောင့်ကွက်ဆေးဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့ကာ ဆေးဆိုင်နဲ့ကပ်လျက် အထည်ဆိုင်တွေကတော့ မီးထဲပါကုန်ပြီး အခြားဆိုင်တွေလည်း ပိတ်ထားရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မီးငြိမ်းသတ်ဖို့အတွက် မီးသတ်ကား လေးစီး၊ လူနာတင်ယာဉ် နှစ်စီးရောက်ရှိခဲ့သလို စကစအဖွဲ့များလည်း ကားသုံးစီးဖြင့်ရောက်လာပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်..။

လတ်တလောမှာတော့ ဈေးမီးလောင်မှုကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ရပြီး မီးငြိမ်းသတ်နိုင်ဖို့ကိုလည်း ဝိုင်းဝန်းကူညီအားဖြည့်ခဲ့ကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T