အာဖဂန်လူမျိုးများကို နိုင်ငံမှထွက်ခွာခွင့်ပြုကြောင်း သဘောတူလိုက်တဲ့ တာလီဘန်များ

//s9.kh1.co/ef/efb381d48607cda30138ad7cf365733585e5b45b.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်နစ္စတန်နိုင်ငံမြို့တော်မှာ တာလီဘန်တိုက်ခိုက်ရေးသမားများဟာ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခဲ့တာ‌ေကြာင့် သူတို့ရဲ့သေနတ်များကို ဝေဟင်တွင်ပစ်လွှတ်ခဲ့ပြီး အောင်ပွဲခဲ့ခံကြပါတယ်။ အမေရိကန်တွေဟာ အာဖဂန်နိုင်ငံကို ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဗဟိုစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ဖရန့်မက်ကင်ဇီးဟာ တနင်္လာနေ့တွင်ပင်တဂွန်စစ်ဌာနချုပ်သတင်းစာရှင်းလင်းပွဲမှာ ခုလို ရုပ်သိမ်းဖို ကြေညာပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တို့အာဏာပြန်ရလာပြီး အမေရိကန်နှင့်အာဖဂန်လူမျိုးများကို ဘေးလွတ်ရာသို့စေလွှတ်ရန် နောက်ဆုံးတပ်ဖွဲ့များစေလွှတ်ပြီးတဲ့နောက် တပ်တွေကို ရုပ်သိမ်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/09/09c10c6e011811c05cb012ace28dfd331e8882ed.jpg

“ ကျွန်တော်ခု ကျွန်တော်တို့တပ်တွေကို အာဖဂန်နစ္စတန်ကနေဆုတ်ခွာတာနဲ့ အမေရိကန်နိုင်ငံသားတွေကိုကယ်ထုတ်ဖို့စစ်မစ်ရှင်ပြီးဆုံးခြင်းကို ကြေငြာဖို့ ရောက်ရှိလာတာပါ ” လို့ McKenzie ကပြောပါတယ်။ " ကျွန်တော်တို့ လူတိုင်းကိုတော့ ကယ်မထုတ်နိုင်ခဲ့ပါဘူး၊ ဒါပေမယ့် တကယ်လို့များ ကျွန်တော်တို့ နောက်ထပ် ၁၀ ရက်လောက် ဆက်နေမယ်ဆို လူတစ်‌ယောက်ကိုမှ ကယ်ထုတ်နိုင်မယ် မထင်ပါဘူး၊ ပြီးတော့လူတွေစိတ်ပျက်တာတွေလည်းရှိနေတုန်းပါ ၊ ခုလိုဆုံးဖြတ်ချက်ချရတာဟာလည်း တော်တော် ခက်ခဲပါတယ် " လို့ဆက်လက်ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/16/16e4cf390c2821fd0d0e83f62ca8de8feae02e95.webp
https://s9.kh1.co/__image/w=650,h=362,q=100/3d/3dc740e93b25041c34b7f158fe610000cc9d8d5f.jpg

တာလီဘန်တို့ကအမေရိကန်တပ်ဖွဲ့များထွက်ခွာသွားခြင်းကို ဂုဏ်ပြုသောအားဖြင့် ဒီကိစ္စကို သမိုင်းဝင်အခိုက်အတန့်အဖြစ် ဖော်ပြခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံသည် ယခုအခါ " အပြည့်အဝလွတ်လပ်ရေးရရှိခဲ့သည်" လို့ကြေငြာခဲ့ပါတယ်။ ဆက်လက်ပြီး တာလီဘန်များသည် အခြားနိုင်ငံသားများနှင့်အာဖဂန်နစ္စတန်နိုင်ငံသားများကို အခြားနိုင်ငံမှခရီးသွားခွင့်ပြုချက်ဖြင့် အာဖဂန်နစ္စတန်မှထွက်ခွာခွင့်ပြုလိုက်ကြောင်းကို ဗြိတိန်၊ အမေရိကန်နှင့်အခြားနိုင်ငံများမှ ထုတ်ပြန် ပူးတွဲကြေညာချက်အရ သိရှိရပါတယ်။ " တာလီဘန်တွေရဲ့အာမခံချက်ကို ကျွန်တော်တို့ရရှိခဲ့ပြီးနိုင်ငံခြားသားတွေနဲ့ အာဖဂန်နိုင်ငံသားအားလုံးကို ကျွန်တော်တို့နိုင်ငံကနေ ခရီးသွားခွင့်ပြုချက်နဲ့ ဘေးကင်းရာကိုစနစ်တကျထွက်ခွာသွားခွင့်ပေးပြီး နိုင်ငံပြင်ပကိုထွက်ခွာခွင့်ပြုလိမ့်မယ် " လို့ ကြေညာချက်မှာပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/9b/9bfa975b5f49d4fdf2ccbbf2a4ef7ca12edf0767.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e0/e03c8400e030e6bbc2c3a2afb5b0aae136d93396.jpg

တာလီဘန်များသည် အခြားနိုင်ငံသားများနှင့်အာဖဂန်နစ္စတန်နိုင်ငံသားများကို အခြားနိုင်ငံမှခရီးသွားခွင့်ပြုချက်ဖြင့် အာဖဂန်နစ္စတန်မှထွက်ခွာခွင့်ပြုလိုက်ကြောင်းကို ဗြိတိန်၊ အမေရိကန်နှင့်အခြားနိုင်ငံများမှ ထုတ်ပြန် ပူးတွဲကြေညာချက်အရ သိရှိရပါတယ်။ " တာလီဘန်တွေရဲ့အာမခံချက်ကို ကျွန်တော်တို့ရရှိခဲ့ပြီးနိုင်ငံခြားသားတွေနဲ့ အာဖဂန်နိုင်ငံသားအားလုံးကို ကျွန်တော်တို့နိုင်ငံကနေ ခရီးသွားခွင့်ပြုချက်နဲ့ ဘေးကင်းရာကိုစနစ်တကျထွက်ခွာသွားခွင့်ပေးပြီး နိုင်ငံပြင်ပကိုထွက်ခွာခွင့်ပြုလိမ့်မယ် " လို့ ကြေညာချက်မှာပြောခဲ့ပါတယ်။ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ စပိန်နှင့်အခြားနိုင်ငံများအပါအ၀င်နိုင်ငံများဟာလည်း သတ်မှတ်ထားတဲ့ ခရီးသွားစာရွက်စာတမ်းများကို အာဖဂန်များသို့ဆက်လက်ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=475,q=100/df/df175a5bfc4ad69d5ded6d3893a633c07ba15c3e.jpeg

သတင်း အရင်းအမြစ်Aljazeera

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T