မိုးမလုံလေမလုံ တဲလေးမှာနေပြီး ဘဝကိုခက်ခဲစွာ ဖြတ်သန်းနေရတဲ့ ပန်းချီဆရာတစ်ဦးအတွက် အိမ်အသစ်လေးတစ်လုံး ဆောက်ပေးနေတဲ့စေတနာရှင်များ

//s9.kh1.co/1d/1d353595090b7bbf34174fc6807eee466a963499.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မိုးမလုံလေမလုံ တဲလေးမှာနေပြီး ဘဝကိုခက်ခဲစွာ ဖြတ်သန်းနေရတဲ့ ပန်းချီဆရာတစ်ဦးအတွက် အိမ်အသစ်လေးတစ်လုံး ဆောက်ပေးနေတဲ့စေတနာရှင်များ

မုံရွာမြို့မှာနေထိုင်တဲ့ ပန်းချီဆရာတစ်ဦးရဲ့အကြောင်းကတော့ လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတာ တွေ့ရပါတယ်။ ပန်းချီညွန့်အောင်လို့ခေါ်တဲ့ အဲ့ဒီပန်းချီဆရာက မုံရွာမြို့၊မုံရွာတက္ကသိုလ်အနီး၊ဓမ္မရံသီဘုန်းကြီးကျောင်း မျက်နှာချင်းဆိုင်လမ်းထဲမှာ နေထိုင်သူတစ်ဦး ဖြစ်ပါတယ် ။ ဆရာက ဘဝကိုခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေရပေမယ့်လည်း သူမြတ်နိုးတဲ့ ပန်းချီကားတွေကို ရေးဆွဲရင်း ရှင်သန်နေတဲ့ အနုပညာသမားစစ်စစ်တစ်ယောက် ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဆရာက မိုးမလုံလေမလုံတဲ့ ကျူးတဲလေးမှာနေထိုင်ပြီး ထမင်းနှစ်ရက်၊သုံးရက် မစားရတဲ့နေ့တွေကိုပါ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ် ။ မိုးရာသီမှာဆိုရင် သူ့ရဲ့တဲအိမ်လေးက မိုးမလုံတာကြောင့် သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကိုပဲ အမိုးအဖြစ်မိုးထားရတာ ဖြစ်ပါတယ် ။ ဒီအကြောင်းတွေကို ပြည်သူတွေက အချင်းချင်းပြန်လည်မျှဝေခဲ့ရာကနေ နောက်ဆုံးမှာတော့ ပန်းချီညွန့်အောင်ကို ကူညီပေးမယ့်သူတွေ ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုဆိုရင် စေတနာရှင် ပြည်သူတွေရဲ့အကူအညီနဲ့ ပန်းချီဆရာညွန့်အောင် နေထိုင်ဖို့အတွက် အိမ်အသစ်လေးတစ်လုံးကို ဆောက်လုပ်ပေးနေပြီပဲ ဖြစ်ပါတယ် ။ မျက်လုံးတစ်ဖက် တိမ်ဖုံးနေတာတောင် ကျန်တဲ့တစ်ဖက်နဲ့ ပန်းချီကားတွေကို မြတ်မြတ်နိုးနိုး ရေးဆွဲနေတဲ့ ပန်းချီညွန့်အောင်ရဲ့အနုပညာကို ပြည်သူတွေကလည်း လေးစားနေကြတာ ဖြစ်ပါတယ်။ ဆရာ့ကူညီပေးနေတဲ့ လူငယ်တစ်ဦးက "ဒီတစ်ခေါက် မိုးရာသီမှာ ဆရာပန်းချီညွန့်အောင်ရဲ့အနုပညာတွေပြည့်နှက်နေတဲ့တဲလေး ပန်းချီကားတွေမိုးစရာမလိုတော့ပါဘူးခင်ဗျာ အိမ်လေးတည်ဆောက်နေပါပြီ" ဆိုပြီး ဝမ်းသာစရာသတင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။မုံရွာမြို့က ပန်းချီဆရာညွန့်အောင်ရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T