မြောက်ဒဂုံက အဘိုးအဘွားလင်မယားနှစ်ယောက်ကို စားစရာတွေ သွားလှူဒါန်းရင်း ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ ကြုံတွေ့လိုက်ရတဲ့ မရွှေကြာ

//s9.kh1.co/35/35b7ab276bf5b157a7a563548e4d045f899264a9.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မြောက်ဒဂုံက အဘိုးအဘွားလင်မယားနှစ်ယောက်ကို စားစရာတွေ သွားလှူဒါန်းရင်း ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ ကြုံတွေ့လိုက်ရတဲ့ မရွှေကြာ

ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ကိုင်ရင်း ကိုဗစ်ကူးစက်ခံရပြီး ယခုမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့ မရွှေကြာကတော့ ပြည်သူတွေကို ဆက်လက်ကူညီပေးနေပါတယ်။ မရွှေကြာတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဒဂုံက သက်ကြီးရွယ်အိုတွေကို သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ သွားရောက်လှူဒါန်းရင်း လေဖြတ်နေတဲ့ အသက်(၈၀)အရွယ် အဘိုးအိုတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ကို မြင်တွေ့ခဲ့ရကာ အဆိုပါအဘွားအိုတို့ဇနီးမောင်နှံကို ပတ်ဝန်းကျင်က ​ ကျွေးမွေးထားရတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မရွှေကြာကတော့ အဆိုပါအဘွားအိုတို့ဇနီးမောင်နှံကို နောက်တစ်ကြိမ်သွားရောက် လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။အဆိုပါအဘွားအိုတို့ ဇနီးမောင်နှံအတွက် အာဟာရရှိမယ့် အစားအစာလေးတွေ ယူဆောင်ပြီး နောက်တစ်ကြိမ်သွားရောက်လှူဒါန်းချိန်မှာတော့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လေးနဲ့ ကြုံတွေ့လိုက်ရပါတယ်။ အကြောင်းကတော့ လေဖြတ်နေတဲ့ အဘိုးအိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ ဆုံးပါးကွယ်လွန်သွားခဲ့တာဖြစ်ပြီး အဘွားအိုတစ်ယောက်တည်းသာ ကျန်နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဘွားအိုကတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီဖြစ်တာကြောင့် ဝယ်ထားတဲ့ ဒိုင်ဘာ(၂)ထုတ် ပြန်ယူသွားပါဆိုပြီး ပြောနေခဲ့ပါတယ်။မရွှေကြာကတော့ အလှူရှင်များကိုယ်စား အစားအသောက်များနဲ့ ငွေကို အဘွားဆီ လှူဒါန်းပေးခဲ့တဲ့အပြင် ဆန်(၆)ပြည်ပါထပ်လှူပေးခဲ့ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ တစ်ယောက်တည်းသာ ကျန်တော့တဲ့ အဘွားအိုအတွက် စားသောက်စရာတွေ၊အားဆေးတွေ စုံစုံလင်လင် လှူဒါန်းပေးနေတဲ့  ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T