ကျက်သရေဆောင်အတွင်း ဘီယာများဝိုင်းဖွဲ့သောက်စားနေကြတဲ့ သံဃာတော်များကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရုပ်သံ

//s9.kh1.co/e1/e110e1654575535a51dcae4ef7319303f3890828.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းတောက်ပဖို့နဲ့ တည်တံကြာရှည်အောင် ဘုရားသားတော် ရဟန်း၊သံဃာတော်တွေက ဗုဒ္ဓရဲ့ ချမှတ်ထားဝိနည်းတော်များနဲ့အညီ သယ်ပိုးထမ်းရွက်ကြတာဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ တိုးတက်လာတဲ့ ခေတ်နဲ့အညီ တချို့ ရဟန်း၊သံဃာတော်တွေဟာ ဝိနည်းတော်များဖောက်ဖျက်ပြီး သာသနာတော်ကြီးညှိုးနွမ်းအောင် လုပ်ဆောင်လာတာ စိတ်မကောင်းစွာ တွေ့လာရပါတယ်။

Photo Predit - Original Upload
Photo Predit - Original Upload

သြဂုတ်လ(၂၉)ရက်နေ့ကဆိုရင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ စီဖုမ်းရပ်ကွက်က နာမည်ကြီး 'ပန်ဆောင်း' ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးအပါအဝင် သံဃာတော်တွေက ဝိနည်းတော်များဖောက်ဖျက်ပြီး ဝိုင်းဖွဲ့ကာ ဘီယာများသောက်သုံးခဲ့ကြောင်း ကြားသိရပါတယ်။ သံဃာတော်များ ဝိုင်းဖွဲ့သောက်သုံးနေစဥ်အတွင်း ထိုင်းရဲ့တပ်ဖွဲ့က ကျောင်းအတွင်းဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ယခုမှာပျံ့နှံ့လာခဲ့ပါတယ်။

Photo Predit - Original Upload
Photo Predit - Original Upload

အဆိုပါဗီဒီယိုဖိုင်ထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဥ်မှာ သံဃာတော်(၆)ပါးနဲ့ ဒကာ(၁)ဦးတို့ဟာ ကျက်သရေဆောင်အတွင်း စားစရာမျိုးစုံဖြင့် ဝိုင်းဖွဲ့ကာ ဘီယာများ သောက်စားနေကြတာ တွေ့ရပါတယ်။ ကြားသိရတဲ့ သတင်းများအရ အဆိုပါသံဃာတော်များကို လက်ရှိမှာ ကိုဗစ်ရောဂါစည်းကမ်းချက်အရပဲ အရင်ဆုံးအရေးယူထားကြောင်း သိရပါတယ်။ ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တို့အကြား ဝေဖန်မှုတွေရှိပြီး စိတ်မကောင်းဖြစ်ကြတာ တွေ့ရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T