မိမိရဲ့ နာမည်ကြီးပြကွက်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ကမ္ဘာကျော် မျက်လှည့်ဆရာ Joseph Burrus

//s9.kh1.co/64/643d23215c1b5e730c8fd0b13fd653295292963f.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မျက်လှည့်တွေကြည့်ရတာကို လူတော်တော်များ သဘောကျကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုကြည့်လို့ ကောင်းစေဖို့အတွက် မျက်လှည့်ဆရာတွေကလည်း အကောင်းဆုံးကြိုးစားကြပါတယ်။ အဲ့လိုကြိုးစားရင်းကနေ ကိုယ့်ရဲ့အသက်ပါပေးခဲ့ရတဲ့ အဖြစ်တွေလည်း ရှိခဲ့ပါတယ်။ အခုပြောပြမယ့် အကြောင်းကလည်း မျက်လှည့်ပြကွက်တစ်ခုအတွက် အသက်ကိုအလောင်းအစားလုပ်ပြီး ပေးခဲ့ရတဲ့ မျက်လှည့်ဆရာအကြောင်းပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=358,h=384,q=100/24/246ed117df7f13ae6c6e3cc3514d24842cfa0c5a.jpg
https://s9.kh1.co/__image/w=600,h=629,q=100/5f/5fce11405f2eb1b8a0ca222c9b7fd13a6c28ac4c.jpg

သူ့နာမည်ကတော့ Joseph Burrus ပဲဖြစ်ကာ ၁၉၈၀ကျော်ဝန်းကျင်မှာဆိုရင် သူဟာ အမေရိကန်ရဲ့ နာမည်ကြီးမျက်လှည့်ဆရာတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့်လည်း သူဟာ မျက်လှည့်ပြကွက်ပေါင်းများစွာနဲ့ ထင်ရှားလာတဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။သူရဲ့ နာမည်ကျော်ပြကွက် တစ်ခုကတော့ မြေမြှုပ်ထားရာကနေ လွတ်အောင်ရုန်းပြတဲ့ မျက်လှည့်ပြကွက်ပဲဖြစ်ပါတယ်။ အဲ့အချိန်အဲ့ အခါတုန်းကတော့ အရမ်းကိုခေတ်စားခဲ့တဲ့ပြကွက်တစ်ခုပါပဲ။

https://s9.kh1.co/__image/w=600,h=337,q=100/a0/a0c25bd3504cc19a12439757f1824f150bb3dfef.jpg
https://s9.kh1.co/__image/w=600,h=600,q=100/f0/f0beb0c04092f7fdb515cf796b61da6818f1a5f3.jpg

ဲဒါပေမယ့်လည်း ၁၉၉၀ အောက်တိုဘာလ (၃၀)ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီယားပြည်နယ်မှာ ပြုလုပ်တဲ့ မျက်လှည့်ပြပွဲမှာ ဂျိုးတစ်ယောက်ကံဆိုးခဲ့ပါတယ်။ သူ့ရဲ့ အကျွမ်းကျင်ဆုံးအရာက သူ့ကိုပြန်သတ်တယ်လို့တောင် ပြောရမှာပါပဲ။ ဖြစ်ပုံမှာ ဂျိုးဟာ သူ့ရဲ့လက်တွေခြေတွေကိုသံကြိုးနဲ့ချည် မှန်အခေါင်းထဲထည့်ကာ သူ့ကိုမြေမြုပ်ခုိင်းပြီး မျက်လှည့်ပြဖို့ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာပဲ အခေါင်းထဲကကော မြေမြှုပ်ထားခဲ့တဲ့နေရာကပါ ဂျိုးတစ်ယောက်ပြန်မထွက်လာနိုင်ပဲ လူထုရှေ့မှာတင်သေဆုံးသွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/9e/9e80e03dd4e21b204dbc887c733ab527f2dde5c0.jpg
https://s9.kh1.co/__image/w=600,h=338,q=100/2e/2e5a5efbfb786232fc62eeb738da551f17a9c189.jpg

သတင်း အရင်းအမြစ်Wikidata

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T