လူသေတွေကို ပြန်လည်နိုးထခိုင်းတဲ့ အင်ဒိုနီးရှားက ထူးထူးဆန်းဆန်း ရွာကလေး

//s9.kh1.co/80/809ec0cba1246f3995dcdf2fcf80a77472d47b67.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အင်ဒိုနီးရှားနိုင်ငံမှာ တည်ရှိတဲ့ ထူးထူးဆန်းဆန်း ရွာလေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီရွာလေးမှာ ဘယ်နေရာမှာမှ မမြင်တွေ့နိုင်တဲ့ ထူးထူးဆန်းဆန်း ရိုးရာဓလေ့တွေရှိပြီး တချို့ရိုးရာဓလေ့တွေဟာ အတော်လေးကို ကြောက်လန့်စရာကောင်းလှပါတယ်။ ဒီအထဲမှာမှ သေသူကို ပြန်လည်နိုးထခိုင်းပြီး ပြန်ခေါ်တဲ့ ဓလေ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/8a/8a65bfd8c748f4977a37ba96f87a3dab523f3693.jpg
https://s9.kh1.co/__image/w=600,h=423,q=100/4a/4a62e7b66c3840e0b3fb1052467a95f1bb6c20d6.jpg

ဒီရွာလေးရဲ့ နာမည်ကို Toraja လို့ခေါ်ကာ သဘာဝသစ်တောတွေနဲ့ ပြည့်နှက်နေပြီး ရွာသူရွာသားတွေဟာ ဝမ်းစာအတွက် တောထဲမှာ သစ်ခုတ် ဝါးခုတ် အလုပ်ကို လုပ်ကိုင်ကြရပါတယ်။ ဒါပေမယ့် တောတွင်းသဘာဝအတိုင်း မြွေပါးကင်းပါးအပြင် တခြားအန္တရာယ်တွေလည်း ပေါများလှတာကြောင့် တခါတလေမှာ တောင်ယာသွားတဲ့သူတွေဟာ ပိုးထိမိပြီး သေဆုံးသွားတာလည်းရှိပါတယ်။ အကယ်၍ တောင်ပေါ်မှာ သေဆုံးခဲ့တဲ့အခါ လူတစ်ယောက် လမ်းလျှောက်စရာ လမ်းကျဉ်းလေးသာရှိတဲ့ အတွက် အလောင်းကို ပြန်သယ်ဖို့ အခက်အခဲရှိပါတယ်။ ဒါ့ကြောင့် လမ်းမှာ သေဆုံးသွားတဲ့ အလောင်းကုိ အိမ်ဆိလမ်းလျှောက် ပြန်လာနိုင်ရန် ဖုတ်သွင်းနည်းကို စီမံလေ့ ရှိတယ်လို့ ဒေသခံတွေဟာ ရိုးရာပုံပြင် တစ်ခုလို အမြဲပြောလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/83/8319309bbc245705a4aa278e758ff5c75901de07.jpg
https://s9.kh1.co/__image/w=600,h=392,q=100/11/11f0abb8ffef5573a543ff68dad43e9a4162d2ab.jpg

ဒါ့အပြင် သေဆုံးပြီးသား ဘိုးဘွားတို့ရဲ့ နှစ်ပတ်လည်နေ့ရောက်ရင်လည်း ခုလိုမျိုးနတ်ဆရာအကူအညီနဲ့ ပြန်လည်နိုးထခိုင်းပြီး ပူဇော်သန့်ရှင်းရေးတွေ လုပ်ပေးကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေများစွာရှိပြီး တစ်ခုမှ ဖောက်ဖျက်လို့ မရဘူးလို့လည်း သိရပါတယ်။ ဒီလိုပညာရပ်တွေဟာ တကယ်ပဲ ရှိနိုင်လားဆိုတာကတော့ စာဖတ်တဲ့ ပရိသတ်ကြီးအနေနဲ့ မိမိကိုယ်ပိုင်အမြင်ဖြင့်သာ စဉ်းစားဆုံးဖြတ်ပြီး မိမိထင်မြင်ချက်လေးတွေကို ပြောပြခဲ့ပါအုန်း။

https://s9.kh1.co/__image/w=600,h=400,q=100/84/8468864fb16767eda6aee7510c013e20b36f242c.jpg
https://s9.kh1.co/__image/w=600,h=360,q=100/e9/e90316450f8c28389763fb6b0ed4071a524e74b5.jpg
https://s9.kh1.co/__image/w=600,h=331,q=100/56/56d9bb08d6021b95aa2ec8de435b72f063a8bd6d.jpg

သတင်း အရင်းအမြစ်Indonesia Expert

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T