မတော်တဆမှု တစ်ခုကနေ လျှပ်စစ်လူသားလို့ လူသိများခဲ့ပြီး နာမည်ကြီးလာသူ

//s9.kh1.co/d7/d749552c0176f912a996e8dde1bd14d2c281e652.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ သာမန်လူတွေနဲ့မတူပဲ ကွဲပြားနေကြတဲ့ လူထူးဆန်းတွေရှိပါတယ်။ တချို့က မွေးရာပါ ဖြစ်တာဖြစ်ပြီး တချို့ကတော့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကနေ လူထူးဆန်းဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။ ခုဆိုရင်လည်း လူတစ်ယောက်ဟာ ဓာတ်လိုက်ပြီး လျှပ်စစ်ဒဏ်ခံနိုင်တဲ့ စွမ်းရည်ကို ရရှိခဲ့ပါတယ်။ ဒါကြောင့် အောက်မှာ သူ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/12/12675d5ed5206567d5c34c394d8aabbc4d8c3458.jpg

ဇာဖာ အစ်ကဘဲလ်ဟာ အသက် ၂၃ နှစ်အရွယ် ပါကစ္စတန်လူငယ်တစ်ဦးဖြစ်ကာ အံ့ဖွယ်ထူးခြားတဲ့ စွမ်းရည်တစ်မျိုး ရှိနေပါတယ်။ အဲ့တာကတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ ထူးခြားတဲ့ လျှပ်စစ်ဓာတ်တစ်မျိုး စီးဆင်းနေတာဖြစ်ပြီး ဓာတ်မလိုက်နိုင်တာပါပဲ။ လျှပ်စစ်စီးနေတဲ့ ဝါယာကြိုးတွေကို လက်ချည်းဗလာသက်သက်နဲ့ ထိတွေ့ကိုင်တွယ်တာတောင် ဘာမှမဖြစ်ခဲ့တာကို ထူးဆန်းစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/45/456cb36d8299f8ab1aec1207c2e86fa7248cd709.jpg
https://s9.kh1.co/__image/w=650,h=488,q=100/54/54d522fc8993d26d1ccde89f2b40519bd4d675c5.jpg

“ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်က အိမ်မှာ လျှပ်စစ်မီးခလုတ်ခုံကို ပြင်ဆင်ရင်း မတော်တဆ လျှပ်စစ်စီးနေတဲ့ ပါဝါဆော့ကက် အပေါက်ထဲကို လက်ချောင်းတွေ ထည့်ကြည့်ပြီး ဓာတ်လိုက်ခဲ့တယ်ထင်ပေမယ့် ဘာအန္တရာယ်မှ မဖြစ်ခဲ့ဘူးဗျ....အဲ့ကစပြီး ကျွန်တော်ဟာ ဓာတ်မလိုက်နိုင်ဘူးဆိုပြီး ကိုယ့်ကိုကို သိခဲ့ပါတယ် ” လို့ ပြောပါတယ်။လက်ရှိမှာတော့ သူဟာ ဆာဂိုဒါမြို့မှာ လယ်သမားတစ်ဦးအဖြစ် အသက်မွေးနေထိုင်နေပြီး ဒေသတွင်းမှာတော့ သူ့ကို လျှပ်စစ်လူသားတစ်ဦးလို့ နာမည်ကြီးနေပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/98/980b4c8ef25d664ea4388b535190fcbfe2cafe0f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/8d/8d1013bf93933ccc6474048c169961cc6b6368c8.jpg

သတင်း အရင်းအမြစ်StoryTrender

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T