၁၉ရာစုလောက်တုန်းက ထူးထူးဆန်းဆန်း တည်ရှိခဲ့တဲ့ လူသားတိရစ္ဆာန်ရုံ အကြောင်း

//s9.kh1.co/4c/4c3a3be074bfa016cc304f3ce5e8314620315691.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းက လွဲမှားတဲ့ အယူအဆတွေနဲ့ လူလူချင်း ခွဲခြားဆက်ဆံခံရတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။ ဟိုးအရင်ခေတ်တွေတုန်းက အသားအရောင် ခွဲခြားမှုတွေ တော်တော်များများရှိခဲ့ပြီး လူမည်းအများစုဟာ ဖိနှိပ်မှုတွေကို ခံစားခဲ့ရပါတယ်။ ဒီအထဲမှာ အဆိုးဆုံးကတော့ လူလူချင်း ရုံသွင်းခံရပြီး ပြစားကြတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ သမိုင်းအထောက်အထား ပုံတွေအရ အခုလို ရုံသွင်းပြစားတာတွေဟာ ၁၉ရာစု နှစ်တွေထဲက စတင်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=321,q=100/1f/1f8fd691330b5b1bcf2a9b663cf846e76537d33c.jpg
https://s9.kh1.co/__image/w=600,h=337,q=100/3b/3b1b4197f0a93fb07acd2ef5187be831a10c36bc.jpg
https://s9.kh1.co/__image/w=600,h=440,q=100/6d/6dcc0beb4a7f4538583bdae00d5f225c446ee03d.jpg

အဲ့အချိန်က အာဖရိကတိုက်မှ လူမျိုးတွေကို ကျေးကျွန်အဖြစ်ခိုင်းစေရန်အတွက် ကိုလိုနီနယ်ချဲ့ကာ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြပါတယ်။ ဒီအထဲမှာမှ အချို့ကိုတော့ အိမ်နဲ့လုပ်ငန်းခွင်မှာ ခိုင်းစေရန်အတွက် ခေါ်လာခဲ့တာဖြစ်ပြီး တချို့ကိုတော့ လူတွေအထူးအဆန်းလာကြည့်ကြအောင် ရုံသွင်းပြစားခဲ့ကြပါတယ်။ အဲ့ခေတ်အခါတုန်းက ဗဟုသုတနည်းပါးခဲ့တဲ့အပြင် လူမျိုးကြီးဝါဒကို လက်ကိုင်ထား ကျင့်သုံးခဲ့တာကြောင့် အသားအရောင်ကွဲပြားမှုကို လက်ညိုးထိုးပြီး လူမျိုးရေး ခွဲခြားတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=408,q=100/ad/ad5027feaf6b8edd8c7a3ad9c8f0f85b21fa099c.jpg
https://s9.kh1.co/__image/w=600,h=438,q=100/f5/f55674abeadc8adfc7246c3f3d110d2a6b6c1c0b.jpg
https://s9.kh1.co/__image/w=600,h=581,q=100/b8/b84cd9964a52f21180a82d4c144a91f4c5c11b16.jpg

အဲ့ခေတ်အခါက လူသားအချင်းချင်း လူဖြူ ၊ လူမည်းခွဲခြားကာ ရုံသွင်းပြစားတဲ့ ပုံရိပ်တွေကို ဗဟုသုတရစေရန်အတွက်ဖော်ပြပေးထားပါတယ်။ ယနေ့ခေတ်အရောက်မှာတော့ တိုးတက်လာတဲ့ခေတ်နဲ့အတူ လူလူချင်းခွဲခြားမှုမရှိပဲ လူသားအားလုံး တန်းတူအခွင့်အရေးရသင့်တယ်ဆိုတဲ့ ဥပဒေတွေ ထုတ်ပြန်လာတာကြောင့် လူမျိုးရေးခွဲခြားမှုတွေဟာ ယခင်ထက်စာရင် အတော်လေးကို နည်းပါးသွားပြီလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ယနေ့ထိတိုင် လူမျိုးရေးခွဲခြားမှုတွေကတော့ ရှိနေတုန်းပါပဲ။

https://s9.kh1.co/__image/w=600,h=390,q=100/83/83618d91b9d9d9fcfaa8c09e7572fb3af1a2b6f2.jpg
https://s9.kh1.co/__image/w=650,h=312,q=100/15/15a0f49f6cb20ca5ef9749844ff900f26c7e9a04.jpg
https://s9.kh1.co/__image/w=650,h=529,q=100/58/58619740761312c9aacb9554f11f5647f48e988e.jpg

သတင်း အရင်းအမြစ်CBC

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T