လူပျို ၊ အပျို စဖြစ်တဲ့အရွယ်မှာ နိုင်ငံအလိုက် ပြုလုပ်လေ့ရှိတဲ့ ပွဲတော်များ

//s9.kh1.co/0a/0a05a13ef3ece64039a352e3217d043b4fda19fa.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမှာကတော့ အပ‌ျို၊ လူပ‌ျိုတွေဖြစ်တဲ့အခါ နိုင်ငံအလိုက် ပြုလုပ်လေ့ရှိတက်တဲ့ ပွဲတော် ဒါမှမဟုတ် အလေ့အကျင့် တခ‌ျို့ကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

American

https://s9.kh1.co/__image/w=600,h=400,q=100/5d/5db433cac1b89d7ad090fc2acc37c6321e2520ed.jpg

အမေရိကန်နိုင်ငံမှာ အသက် ၁၆နှစ်၊ ၁၈နှစ်၊ ၂၁နှစ်တို့့ဟာ လူတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးအချိန်အဖြစ် သတ်မှတ်ထားကြပါတယ်။ အဲ့အသက်အရွယ်တွေမှာ မွေးနေ့အခမ်းအနားကြီးကြီးမားမားတွေမလုပ်ပေးကြပါဘူး။ ဘာကြောင့်လဲဆိုရင် အဲ့ဒီအရွယ်မှာ လူလားမြောက်လာပြီး ကိုယ့်အားကိုယ်ကိုးတတ်အောင်ဖြစ်စေချင်ကြလို့ပဲဖြစ်ပါတယ်။ အသက်ဆယ့်ခြောက်နှစ်ကျော်လာတဲ့အချိန်မှာ အိမ်ကနေ ထွက်ခွာလာတက်ပြီး ကိုယ့်ဘာသာကိုယ်ရပ်တည်ကာ အလုပ်လုပ်တဲ့အပြင် ယာဉ်မောင်းလိုင်စင်တွေလည်းရှိနေကြပါပြီ။ ကျောင်းသား၊ကျောင်းသူအများစုဟာ ယာဉ်မောင်းသင်ကြပြီး အချိန်ပိုင်းအလုပ်ကရတဲ့ဝင်ငွေနဲ့ သူတို့ရဲ့အသက်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ပွဲကို ကိုယ်တိုင်ကျင်းပကြပါတယ်။ အသက်ဆယ့်ရှစ်နှစ်အရွယ်ရောက်လာရင်တော့ မဲပေးခွင့်တွေ၊ ဆေးလိပ်သောက်ခွင့်တွေပေးထားပါတယ်။ဒါပေမဲ့ အသက်နှစ်ဆယ့်တစ်နှစ် မကျော်မချင်းတော့ နိုက်ကလပ်သွားတာတွေ အရက်ဝယ်တာတွေ လောင်းကစားလုပ်တာတွေကိုတော့ တားမြစ်ထားပါတယ်။

Latin

https://s9.kh1.co/__image/w=600,h=340,q=100/34/34731dce5e89ad1d345e8eec2bec59548392a571.jpg

လက်တင်နိုင်ငံအများစုမှာတော့ မိန်းကလေးတွေရဲ့အသက်၁၅နှစ်ပြည့်မွေးနေ့ပွဲဟာအလွန်အရေးကြီးပါတယ်။ အဲ့ဒီအရွယ်မှာသူမကို အရွယ်ရောက်ပီလို့ သက်မှတ်ကြပါတယ်။ ဒီအချိန်မှာ မိသားစုဝင်တွေဟာ သူတို့ရဲ့ ဆယ့်ငါးနှစ်ပြည့်သမီးတွေနဲ့အတူ”Quinceanera”လို့ခေါ်တဲ့ ပွဲလေးတစ်ခုကျင်းပပေးကြပါတယ်။ အဲ့နေ့မှာမွေးနေ့ရှင်ဟာ သူမရဲ့မိသားစုတွေနဲ့ဘုရားကျောင်းကိုဝတ်ပြုဖို့အတူသွားကြပြီးနောက်မှာတော့ အရေးကြီးတဲ့ဧည့်သည်တွေကို ဖိတ်ကြားကာ ပါတီပွဲကျင်းပကြပါတယ်။

https://s9.kh1.co/__image/w=600,h=338,q=100/04/04bdae60f8a75ec9a5b6da75f163f6e431df13f5.jpg

Japan

ဂျပန်နိုင်ငံမှာတော့ အသက်နှစ်ဆယ်မှာအရွယ်ရောက်ပီလို့ သတ်မှတ်ကြပါတယ်။ ဒီအရွယ်မှာ သူတို့ကို မဲပေးခွင့်တွေ၊အရက်သောက်ခွင့်တွေနဲ့ ဆေးလိပ်သောက်ခွင့်တွေကို တရားဝင်သတ်မှတ်ပေးထားပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် နှစ်တိုင်း ဇန်နဝါရီလ ရဲ့ဒုတိယအပတ် တနင်္လာနေ့ကို “အရွယ်ရောက်ပီးသူများနေ့”ဟုခေါ်ဆိုကြပြီး တစ်နိုင်ငံလုံးအားလပ်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။ အဲ့နေ့ ရောက်ရင် အသက်နှစ်ဆယ်ပြည့်ပီးသူများဟာ သူတို့ရဲ့မိသားစုဝင်တွေနဲ့အတူ ဘိုးဘွားတွေရဲ့အုတ်ဂူကိုသွားရောက်ဂါရဝပြုကြပါတယ်။ အဲ့ဒီနောက် နိုင်ငံအကြီးအကဲများနဲ့ သူတို့ကျောင်းရဲ့ကျောင်းသားခေါင်းဆောင်များက ပေးပို့ထားတဲ့ ဆုံးမဩဝါဒများကို နားထောင်ရပါတယ်။ ညဘက်အချိန်မှာတော့ မိသားစုတွေသူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲ ကျင်းပကြပါတယ်။

https://s9.kh1.co/__image/w=600,h=390,q=100/b2/b2df7843961f48792b534cc87a1e29157ad0286f.jpg
https://s9.kh1.co/__image/w=600,h=463,q=100/76/765e4e0ceceab51004184eb4ea15afdeca3ae294.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T