သခင့်ရဲ့အုတ်ဂူလေးကို နေ့တိုင်းသွားရောက်ပြီး ပူဆွေးလေ့ရှိတဲ့ ခွေးကလေး Zozo

//s9.kh1.co/de/de18daec2796f21ab603c70d055e9966dcd19e49.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သခင်နဲ့ တိရိစ္ဆာန်တို့ကြားက ဆက်ဆံမှုဟာဆိုရင် မြင်မရတဲ့ သံယောဇဉ်နှောင်ကြိုးတွေလိုမျိုး ကြီးမားလှပါတယ်။ များပြားလှတဲ့ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးလေးတွေဟာ သစ္စာရှိပြီး ကိုယ့်သခင် အပေါ် သံယောဇဉ်ကြီးမားတာကို အားလုံးပဲ သိကြမှာပါ။ ခွေးလေးတွေရဲ့ သခင့် အပေါ် ထားရှိတဲ့ သံယောဇဉ်နဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန် ဝမ်းနည်းစရာ အကြောင်းအရာတွေလည်းရှိခဲ့ပြီး၊ "Hachi" ဆိုတဲ့ Ture story ဇာတ်ကားကိုလည်း ဂျပန်နိုင်ငံ နဲ့ အမေရိကန်ကပါ ရိုက်ကူးပုံဖော်ပြသခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=344,q=100/da/da8b3679e902668e56d8c2516ddfd525a55bf4cc.jpg

ခုဆိုရင်လည်း တူရကီ နိုင်ငံ၊ "Ordu" လို့ခေါ်တဲ့ မြို့လေးမှာ "Zozo"၊ "ဇိုဇို" အမည်ရှိတဲ့ ခွေးလိမ္မာလေးဟာဆိုရင် သခင်ဖြစ်သူ "Zafer" ရှိရာ အုတ်ဂူလေးသို့ နေ့စဉ့် နေ့တိုင်း သွားရောက်လေ့ရှိပါတယ်။ သခင်ဖြစ်သူဟာ အဖျားကြီးရောဂါနဲ့ ကွယ်လွန်သွားတာကြောင့် "ဇိုဇို" ဟာကျန်နေခဲ့ပါတယ်။ တစ်ရက် "Zafer" ရဲ့ မိသားစုတွေက အုတ်ဂူရှိရာ လာကြည့်ကြတဲ့အခါမှာ ခွေးလေးဟာ ဝမ်းနည်းကြေကွဲပြီး ငိုနေတာကို တွေ့ခဲ့ကြပါတယ်။ အချိန်တိုင်း အဲ့နေရာလေးမှာ လွမ်းဆွတ်တမ်းတနေတာကို "Zafer" ရဲ့မိသားစုကပင် မကြည့်ရက်လောက်အောင်ပင် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လူသိများလားခဲ့ပြီး ဝမ်းနည်းစရာ သခင်နဲ့ခွေးကြားက သံယောဇဉ်ဇာတ်လမ်းဟာ ကမ္ဘာတစ်ဝှမ်းပျံ့နှံ့သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/3d/3d3b9d3d10ff092e202dde020f5dd5d488b54a33.jpg
https://s9.kh1.co/__image/w=600,h=314,q=100/96/9643d8ab13d38aa97eeaf24889dd4c9c6ba3b454.jpg

"အသက်ရှိစဉ်ကာလအခါက အမြဲအတူဆော့ကစားနေတော့ပါပဲ၊ သားအဖတွေလို့ထင်ရလောက်အောင် ရင်းနှီးမှုရှိ ချစ်ခင်တာကိုတွေ့ရပါတယ်....အဲ့အပြင်...ဇိုဇိုလေးက သခင့်အပေါ်မှာ အခြားခွေးတွေနဲ့ ယှဉ်ရင် သံယောဇဉ်ပို ကြီးမားလှပါတယ်" လို့ "Zafer" ရဲ့ အမေဖြစ်သူက စိတ်မကောင်းစွာ ပြောခဲ့ပါတယ်။ ‌သခင်အပေါ် သံယောဇဉ် ရှိလွန်းလှတဲ့ ခွေးလေးကတော့ နေ့တိုင်း သူ့သခင်အုတ်ဂူမှာပဲ သွားရောက် နေထိုင်လေရှိပါတယ်။ ခွေးတွေရဲ့သစ္စာရှိမှုကတော့ ပြောမပြနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/2f/2f8414326269c3353423c71a032c04fb280b4ae4.jpg
https://s9.kh1.co/__image/w=600,h=400,q=100/f5/f5bf62aa7fb838a150dfc0782bd8a96cbc426e75.jpg

သတင်း အရင်းအမြစ်Life Buzz

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T