ကျော်ရိုးမဲ့သတ္တဝါများထဲမှာ IQ အမြင့်ဆုံး သတ္တဝါများဖြစ်ကြတဲ့ ရေဘဝဲများ အကြောင်း

//s9.kh1.co/f3/f338ea963e4f5367f68d77c5d27242a48570dab9.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ရေဘဝဲတွေမှာ မျက်လုံး ၂လုံးနှင့် စုပ်ခွက်များ ပါရှိပြီး လက်ချောင်း ၄စုံ ရှိပါတယ်။ မာသော နှုတ်သီးရှိပြီး ပါးစပ်ကတော့ လက်တံများရဲ့ အလယ်ဗဟိုတွင် ရှိပါတယ်။ ရေဘဝဲအများစုရဲ့ ကိုယ်ခန္ဓာ အတွင်းအပြင်တို့တွင် နံရိုးများ မရှိကြပါဘူး။ ဒါ့ကြောင့် ကျဉ်းမြောင်းတဲ့ နေရာများကို သွားတဲ့အခါ ကိုယ်ကိုရှုံ့ပြီး ဝင်ရောက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ ရေဘဝဲများဟာ အသိဉာဏ် မြင့်မားကြပြီး ကျောရိုးမဲ့ သတ္တဝါများတွင် ဉာဏ်ရည် အမြင့်မားဆုံး သတ္တဝါလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=457,q=100/ba/bae12bcdd8bbec0d5723210eaaff8a31562ae5b1.jpg
https://s9.kh1.co/__image/w=600,h=400,q=100/85/852cc774e00e84cfa7e421b320f930b2651d1f39.jpg

ရေဘဝဲများဟာ သမုဒ္ဒရာ အစိတ်အပိုင်း အတော်များများတွင် နေထိုင်ကြပြီး အထူးသဖြင့် သန္တာကျောက်တန်းများတွင် နေထိုင်လေ့ ရှိကြပါတယ်။ သူတို့အား လိုက်လံဖမ်းဆီးတဲ့ သတ္တဝါများရန်မှ ကာကွယ်ရန်အတွက် ပုန်းအောင်းခြင်း၊ လျှင်မြန်စွာ ထွက်ပြေးခြင်း၊ မှင်ကဲ့သို့ အရည်များ ထုတ်လွှတ်ခြင်းနှင့် အရောင်ပြောင်း၍ ပုန်းအောင်းခြင်းများကို လုပ်ဆောင်လေ့ ရှိကြပါတယ်။ ရေဘဝဲများဟာ ရေကူးတဲ့ အချိန်တွင် သူတို့ရဲ့ လက်တံများကို အနောက်တွင် အမြီးသဏ္ဌန် ပါလာလေ့ ရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=385,q=100/ec/ecd371e3c7a6b7e7a5c0545beea3af546f2d74e5.jpg
https://s9.kh1.co/__image/w=600,h=337,q=100/e5/e59c034ce8ad7d37b5044743d366ccb28baf08b5.jpg

ရေဘဝဲတွေဟာ အဆိပ်ရှိကြသော်လည်း သေးငယ်ပြီး အပြာရောင် အကွင်းများ ပါရှိသည့် ရေဘဝဲတစ်မျိုးသာ လူကို သေစေနိုင်လောက်သည့် အဆိပ်ရှိတာပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိထားသမျှ ရေဘဝဲမျိုးကွဲပေါင်း ၃၀၀ ခန့် ရှိပြီ ထိုမျိုးစိတ်တွေဟာ စီဖာလိုပေါ့ဒ် (cephalopods) များရဲ့ သုံးပုံတစ်ပုံခန့်မျှ ဖြစ်ပါတယ်။ အပိုထပ်ဆောင်းအနေနဲ့ ရေဘဝဲရဲ့ အင်္ဂလိပ် အခေါ်အဝေါ် Octopus မှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး ခြေရှစ်ချောင်းဟု အဓိပ္ပာယ် ရတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/3a/3af56161bc6099c8af60a47a6d7bfefddaa6ffe7.jpg
https://s9.kh1.co/__image/w=600,h=527,q=100/2b/2b8355cf7386847574fa4356f44e3cd75e2dcc17.jpg

သတင်း အရင်းအမြစ်Science Daily

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T