Australia ကလယ်ကွင်းတွေမှာ လေးနှစ်တစ်ကြိမ်ဆိုသလို အမြဲထွက်ပေါ်လာလေ့ရှိတဲ့ ကြွက်တွေရဲ့ Video

//s9.kh1.co/ed/edd891fca33a13223111f5f5e280d0d2af8fdfb5.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်က တိရစ္ဆာန်တွေဟာ အမြဲတမ်းလိုလိုထူးခြားမှုတွေရှိနေတတ်ပါတယ်။ ထူးခြားချက်တွေကတော့ ပြောမပြနိုင်အောင်ပဲ ထူးဆန်းလွန်လှပါတယ်။ ငှက်က ပင့်ကူးကိုစားတာတို့ ရှဥ့်က အသားစားတာတို့ စသဖြင့် အဲ့ဒီကိစ္စတွေဟာ ထူးဆန်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ အဲ့အပြင် တခြားကိစ္စပေါင်းများစွာလည်းရှိပါတယ်။ အဲ့ဒီကိစ္စကတော့ လူတွေအဖြေရှာမရတဲ့ တိရစ္ဆာန်တွေနဲ့ပတ်သတ်တဲ့ ဟာတွေပဲဖြစ်ပါတယ်။ Australia ကအမြဲအဲ့လို ထူးခြားတာတွေနဲ့ပြည်နှက်နေပြီး ခုဆိုရင်လည်း ကြွက်တွေနဲ့ပတ်သတ်လို့ဖြစ်ပေါ်လာပြန်ပါပြီ။

https://s9.kh1.co/__image/w=650,h=434,q=100/64/64ff13c9b2fce596e97a71d733bf7fec180afac4.jpg
https://s9.kh1.co/__image/w=650,h=409,q=100/a4/a493963bef5d4ea7034f51f4a1d364691788893c.jpg

၁၇၇၈ခုနှစ် Australia ပထမကိုလိုနီတုန်းက သူတို့ဟာ ရောဂါကပ်ဘေးတစ်ခုကို ယူဆောင်လာခဲ့မိပါတယ်။ ဒါပေမဲ့သူတို့ယူဆောင်လာခဲ့တဲ့ ကပ်ဘေးက ဝမ်းကိုက်ရောဂါတို့ ငမ်းဖျားရောဂါတို့မဟုတ်ပဲ ကြွက်တွေပဲဖြစ်ပါတယ်။ သူတို့တွေက အသားစားသတ္တဝါတွေဆိုတော့ လူသေကောင်တွေနား ရောက်ရှိလာခြင်းပဲဖြစ်ကာ လယ်ကွင်းတွေထဲမှာ ခိုလှုံနေခဲ့ကြပါတယ်။ ရာသီတစ်ခုမှာ ကြွက်အတွဲတွေဟာ ကလေးအကောင် ၅၀၀ ကိုမွေးထုတ်နိုင်ပါတယ်။ အဲ့လို ဘာကောင်းကျိုးမှမပေးတဲ့ ကြွက်တွေဟာ ၄နှစ်တစ်ခါလိုလို လယ်ကွင်းထဲက ထွက်ထွက်လာပြီး သူတို့လမ်းမှာ မြင်သမျှကို သွားနဲ့ကိုက်သွားလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/6c/6c96c3028bfdd2bd36f390ed9b42ee0de34ec1ec.jpg
https://s9.kh1.co/__image/w=650,h=426,q=100/36/366cfeb7d82b3fb48fc9b26375666df45a4b48db.jpg

သူတို့တွေဟာဝက်တွေနဲ့ တခြားခြံမွေးတိရစ္ဆာန်တွေကိုပါ စားဖို့ကြိုးစားခဲ့ပါသေးတယ်။ အဲ့ကြွက်တွေဟာ ၁၉၉၃ခုနှစ်ကစပြီး အမြဲတမ်း ၄နှစ်တိုင်လိုလို ထွက်ထွက်လာပြီး အခုလိုမျိုးတွေ့ရာ လိုက်စားလိုက်ဖျက်စီးကြပါတယ်။ လယ်ထွန်းစက်တွေ ကားတွေအပါအ၀င်ပါပဲ။ သူတို့တွေ သေဆုံးတဲ့အချိန်မှာတော့ ဖျက်စီးသွားတဲ့တန်ဖိုးဟာ ဒေါ်လာ ၉၆သန်းရှိပါတယ်။ ဒါတောင်လယ်သမားတွေရဲ့ ပျက်စီးမှုတွေနဲ့ တခြားကိစ္စတော်တော်များများက ပိုက်ဆံတန်ဖိုးကို ထည့်မတွက်ထားသေးပါဘူး။ အောက်မှာလည်း ပရိသတ်ကြီးအတွက် ကြွက်တွေအုပ်စုလိုက် ထွက်လာတဲ့ Video ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=459,q=100/d9/d97654f46b9e18c9806e90530a9989d1576c6720.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T