ဆေးလိပ်သွား၀ယ်မယ်ပြောပြီး ပျောက်ဆုံးသွားတဲ့အဖေကို ၅၇နှစ်ကြာမှ အိမ်ရဲ့မြေအောက်ခန်းမှာ အရိုးစုအဖြစ် ပြန်လည်တွေ့ရှိ

//s9.kh1.co/88/88d9f3bf7c8f1f2c4fe06290f7828b73650eb9ca.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသက် ၅၇ နှစ်ရှိပြီ ဖြစ်တဲ့ Mike Carroll ဟာ သူ့အဖေ ပျောက်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အမြဲအံ့ဩခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အဖေဖြစ်တဲ့ George Carroll ဟာ စီးကရက်သွားဝယ်မယ်ပြောပြီး ဘယ်တော့မှပြန်မလာခဲ့ တော့တာကြောင့် ဖြစ်ပါတယ်။ အဲ့ကိစ္စဖြစ်သွားတဲ့ချိန်မှာတော့ Mike ဟာ အသက် ၈လပဲ ရှိပါသေးတယ်။

https://s9.kh1.co/__image/w=620,h=349,q=100/d4/d459c749ad7a6c635546625676c36d6143b6f643.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/0e/0e929f545c0483c6eb8e7cd0b36d2829c497f054.webp

သူအသက်ကြီးလားလို့ သူ့အမေကို အဖေဘယ်ပျောက်သွားလဲ မေးတဲ့အချိန်မှာလည်း အမေဖြစ်သူဟာ သူ့အဖေဘယ်တော့မှပြန်မလာတော့ဘူးဆိုပြီးပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူအမေကတော့ တစ်ခါနဲ့တစ်ခါ မတူညီတဲ့ ဇာတ်လမ်းတွေကိုပဲ ပြောခဲ့တာပါ။ သူ့အမေလည်း အဖေပျောက်ပြီး ရက်အနည်းငယ်ကြာမှာပဲ နောက်တစ်ခါ လက်ထပ်ခဲ့ကာ ၁၉၉၈ခုနှစ်မှာ‌ သေဆုံးခဲ့ပါတယ်။ နောက်အချိန်ကြာလာတော့ သူဟာ ငယ်ငယ်တုန်းကနေခဲ့တဲ့အိမ်ကို ပြန်၀ယ်ခဲ့ပြီး အိမ်ရဲ့ မြေအောက်ခန်းကို စတင်တူးခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=577,q=100/31/3126e8cf37845d7a012be9dc1cf595a6c7d64201.jpg
https://s9.kh1.co/__image/w=650,h=488,q=100/3e/3e338df513487090545ab02d44cdc0d0747530f5.jpeg

ဒါပေမယ့် Carroll ဟာ သူတို့အိမ်ရဲ့မြေအောက်ခန်းကို သူ့သားတွေနဲ့ စတင်တူးဖော်ရာမှာ အမှန်တရားနဲ့ နီးစပ်လာပြီဆိုပြီး သိရှိခဲ့ပါတယ်။ တစ်နေ့ သူအိမ်ရဲ့မြေအောက် ခြောက်ပေလောက်မှာပဲ သူသားဟာ အရိုးစုတစ်စုကို တွေ့ရှိခဲ့ရပါတယ်။ ဒါနဲ့သားဖြစ်သူလည်း အဖေ့ကိုသွားခေါ်ပြီး လာကြည့်သင့်ကြောင်း ပြောခဲ့ပါတယ်။ အဲ့အခါမှ Carrollဟာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အဖေနဲ့ ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ သူ့အဖေကိုဘယ်သူသတ်သွားလဲဆိုတာ သိပေမယ့် သူဟာထုတ်မပြောခဲ့ပါဘူး။ သူ့အတွက်အရေးကြီးတာက အဖေနဲ့ပြန်ဆုံးတွေ့ပြီ သူ့အဖေငြိမ်းချမ်းဖို့ပဲဖြစ်ပါတယ်။ ခုလို ၅၇နှစ်ကြာပြီမှ ပြန်လည်တွေ့ဆုံရတာဟာ သနားစရာပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/7a/7aac2e9c3261302f4974efbaa0fa215ff061b0c7.jpg
https://s9.kh1.co/__image/w=634,h=750,q=100/fd/fdbd6af98dfd44df6677bb399c79fc96fb49d990.jpg

သတင်း အရင်းအမြစ်abc

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T