သွားတိုက်ဖို့တင်မဟုတ်ပဲ တခြားနေရာတွေမှာပါ အကျိုးရှိရှိ အသုံးပြုနိုင်တဲ့ သွားတိုက်ဆေး

//s9.kh1.co/b5/b59e6c533cc58c8ebafd49cac852e7b58c983e82.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သွားတိုက်ဆေးကို ပုံမှန်အားဖြင့် သွားတိုက်တဲ့နေရာမှာပဲ အသုံးပြုကြတာများပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ သွားတိုက်ဆေးကို သွားတိုက်ဖို့အပြင် တခြားနေရာတွေမှာပါ ထူးထူးဆန်းဆန်း အသုံးပြုကြလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့လိုသွားတိုက်ဆေးကို တခြားနေရာတွေမှာ အသုံးပြုလိုက်တဲ့အခါ မထင်မှတ်ထားတဲ့ ရလဒ်ကောင်းတွေကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သွား‌တိုက်ဆေးကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။ တကယ်လည်း အလုပ်ဖြစ်ကြတာများပါတယ်။

လက်ဖဝါးက အနံဆိုးတွေကို ဖယ်ရှာနိုင်ခြင်း

https://s9.kh1.co/__image/w=500,h=333,q=100/24/24bafada4ccefc3a70434fbecebefb1f2ed72bd0.jpg

သင့်အနေနဲ့ ကြက်သွန်၊ ကြက်သွန်ဖြူ၊ ပင်လယ်စာ စတ‌ဲ့ဟာတွေကို လှီးဖြတ်တ‌ဲ့အခါ အနံတွေ လက်မှာစွဲနေတာကို ကြုံဖူးမှာပါ။ အဲ့အခါ သွားတိုက်ဆေးဟာ ပါးစပ် အနံထွက်ကောင်းအောင် ပြုလုပ်ပေးနိုင်တဲ့အပြင် အနံဆိုးတဲ့လက်ဖဝါးတွေကိုလည်း သန့်ရှင်းပေးနိုင်ပါတယ်။ သွားတိုက်ဆေး အနည်းငယ်လောက်သာ ယူပြီး လက်ဖဝါးနဲ့ လက်ချောင်းကြားတွေကို သေချာပွတ်ပေးပြီး ရေဆေးချခြင်းဖြင့် သန့်ရှင်နိုင်ပါတယ်။ ဆပ်ပြာနဲ့လက်ဆေးတာတို့ထက် ပိုမိုမြန်ဆန်ပြီး လက်မှာလည်း အနံသက်ကောင်းကောင်းလေး ထွက်စေပါတယ်။ လူတော်တော်များများဟာလည်း လက်ဆေးတဲ့နေရာမှာ ဆပ်ပြားအစား သွားတိုက်ဆေးကိုသာ ထားလေ့ရှိပါတယ်။

လက်၀တ်ရတနာတွေကို သန့်ရှင်းပေးနိုင်ခြင်း

https://s9.kh1.co/__image/w=500,h=333,q=100/f6/f67b81213bba94f115099c2eb1666b864de7927e.jpg

ဒီအချက်ကို အသုံးပြုတာ များကြပေမယ့်လည်း လူအကုန်လုံးကတော့ မယုံကြည်ကြပါဘူး။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ လက်၀တ်ရတနာတွေကို ဆိုင်ယူသွားပြီး ပိုက်ဆံများများပေးကာ သန့်ရှင်းခိုင်းကြလေ့ရှိပါတယ်။ သွားတိုက်ဆေးဖြင့် သတ္တုသန့်ရှင်းရေးအယူအဆဟာ နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့ပြီး ယနေ့ထိ ခိုင်မာနေဆဲဖြစ်ပါတယ်။ လက်ဝတ်ရတနာပစ္စည်းရဲ့မျက်နှာပြင်ပေါ်မှာ သွားတိုက်ဆေးကိုလိမ်းပြီး brush တစ်ခုနဲ့တိုက်ပေးရတာ ရိုးရှင်းလွယ်ကူပါတယ်။ ပြီးတဲ့အခါ အခြောက်ခံပြီး သုတ်လိုက်တဲ့အခါမှာ အရင်က‌နဲ့မတူတော့တာကို သေချာစွာ မြင်ရပါလိမ့်မယ်။ တကယ်လို အညစ်အကြေးတွေဟာ တော်တော်များနေတယ်ဆိုရင် ခွက်တစ်ခွက်ထဲမှာ သွားတိုက်ဆေးကို ရေနဲ့ပျော်အောင်ထားပါ။ အဲ့ဒီနောက်ပစ္စည်းကို အချိန်အနည်းငယ် ထည့်စိမ်းထားပြီး အပေါ်က သွားတိုက်ဆေးနဲ့ Brush တိုက်သလိုပဲ ထပ်လုပ်ပေးပါ။

https://s9.kh1.co/__image/w=500,h=333,q=100/8d/8da4ac2e5e412a61fe1b824d3f634df1b053cee7.jpg
https://s9.kh1.co/__image/w=500,h=333,q=100/5b/5bc904dd2cde92fd88e91bfe4965135ed0f2cabf.jpg

သွားတိုက်ဆေးကို အသုံးပြုနိုင်တဲ့ တခြားနေရာတွေကတော့ နံရံပေါ်က ဖယောင်းခြစ်ရာတွေကို သွားတိုက်ဆေးဖြင့် သုတ်ပေးခြင်း၊ ဝက်ခြံနှင့်အမာရွတ်‌များပေါ်ကို အိပ်ခံနီး သွားတိုက်ဆေး အနည်းငယ်မျှသာ လိမ်းထားပြီး မနက်ကျ မျက်နှာသစ်ခြင်း၊ လက်သည်းများကို သွားတိုက်သလို တိုက်ပေးနိုင်ခြင်း၊ ကလေးနို့တိုက်ဗူးတွေကို သွားတိုက်ဆေးပဲ အနည်းငယ်သုံးပြီး တိုက်ချွတ်ပေးခြင်းဖြင့် ဗူးလည်းသန့်ရှင်းသလို အနံလည်းကောင်းစေပါတယ်။ ကလေးနို့တိုက်ဗူးတွေဟာ အမြဲတမ်းသန့်သန့်ရှင်းရှင်းထားရတာမို့ တခြားသော ဆပ်ပြားတွေနဲ့ သန့်ရှင်းတာထက် ဒီနည်းလမ်းက ပိုစိတ်ချရပါတယ်။ သွားတိုက်ဆေးဆိုတာ မျိုချရင်တောင် ဘာမှမဖြစ်တာမို့ သင့်အနေနဲ့ စိတ်ချလို့ရပါတယ်။ နောက်ထပ် ခုံပေါ်မှာ အေးနေတဲ့ ပုလင်း ဒါမှမဟုတ် တစ်ခုခုကို ယူလိုက်တဲ့အခါ အကွင်းတွေကျန်နေတက်ပါတယ်။ အဲ့လိုအကွင်းတွေကိုလည်း သွားတိုက်ဆေးဖြင့် ဆေးနိုင်သလို၊ ကော်ဇော်ပေါ်က ခြစ်ရာတို့ လက်ကိုင်ပုဝါပေါ်က ခြစ်ရာတို့ကိုလည်း သွားတိုက်ဆေးသုံးပြီး ဖယ်ရှာနိုင်ပါတယ်။

https://s9.kh1.co/__image/w=500,h=333,q=100/47/471cf809ac48b971c0b0f76e1e5100d33b281565.jpg
https://s9.kh1.co/__image/w=500,h=300,q=100/5b/5b534727245159e4101e642367b6912324fd4bf5.jpg
https://s9.kh1.co/__image/w=500,h=333,q=100/35/353c5658cdca966adf364d788b4ed61b4bfe4f48.jpg
https://s9.kh1.co/__image/w=500,h=333,q=100/68/68bc07f38c50700add98f7ade8af95f20ca6c519.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T