ငှက်မွှေးလို ပေါ့ပါးပြီး ခန္ဓာကုိယ်ပေါ် ကပ်လိုက်တာနဲ့ ကျန်းမာရေး အခြေအနေကို သိရှိနိုင်မယ့် ဂျပန်နိုင်ငံက ထူးထူးဆန်းဆန်း ပစ္စည်း

//s9.kh1.co/39/39c4d85af8e13857b718f2ec348d4f3bbb71bae6.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်နိုင်ငံဟာ နည်းပညာတိုးတက်နေတဲ့ နိုင်ငံတွေထဲမှာတော့ ထင်ထင်ရှားရှားကြီးကို ပါဝင်နေပါတယ်။ သူတို့နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း နည်းပညာအသစ်ပေါင်းများစွာကို တီထွင်လျက်ရှိနေပါတယ်။ ဒါ‌့ကြောင့် ဒီတစ်ခါမှာလည်း ဂျပန်နိုင်ငံက တီထွင်ခဲ့တဲ့ ကျန်းမာရေးဆိုင်ရာနည်းပညာအသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/85/85cb389a55f77ca36ed2e4a8ff9f929d5dfd41e6.jpg
https://s9.kh1.co/__image/w=600,h=400,q=100/11/113bdcaca48f2a8b46ede8db62ba89a9c59c4d30.jpg

အဲ့ဒီပစ္စည်းလေးကတော့ ခန္ဓာကိုယ်မှာ တိုက်ရိုက်ထိကပ်ထားရုံနဲ့ ကျန်းမာရေးအခြေအနေများကို ဖော်ပြပေးနိုင်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကျန်းမာရေးအချက်အလက်တွေကို ခံစားမှု ပုံသဏ္ဌာန် ( emojis ) လေးတွေနဲ့ ပြသပေးမည့် ဆေးပလာစတာကဲ့သို့ အထူ ၁ မီလီမီတာလောက်ရှိတဲ့အရာလေးပါ။ အိပ်ယာထဲလဲနေသူများ၊ ဆေးရုံဆေးခန်းများနှင့် ဝေးလံသည့်အရပ်ကလူများ ၊ ဆွေမျိုးများနှင့်ဝေးလံသည့် အရပ်မှ မိသားစုများအတွက် တိုကျိုတက္ကသိုလ်က Takao Someya လို့အမည်ရှိတဲ့ ပရော်ဖက်ဆာတစ်ဦးက တီထွင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c4/c4bbb5fe343f7b9f0583bdf55f1d8f61eaf3873e.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/ed/ed7408f3e25d907d9423b18e9cb87acd553e3928.jpg

လက်ဝါးမှာပဲဖြစ်ဖြစ်၊ လက်ဖမိုးမှာပဲဖြစ်ဖြစ် ကပ်ထားလိုက်ရုံဖြင့် လူနာရဲ့ ကျန်းမာရေးအချက်အလက်များကို သိရှိနိုင်ခြင်း၊ အနေဝေးနေတဲ့ အဖိုးအဖွားများနှင့် မြေးသားသမီးများကြား ရင်းနှီးမှုကို ပိုရစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာပါ။ “သင့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ တစ်စုံတစ်ရာ ခံစားရပြီဆိုရင် သင့်ရဲ့အရေပြားပေါ်မှာ ကပ်ထားလိုက်ပါ။ သင့်ခန္ဓာကိုယ်ရဲ့ ရောဂါများ၊ စိတ်ခံစားမှုများကို စက်၏မျက်နှာပြင်မှာ ပြသပေးလိမ်မယ်လို့” Someya က ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2f/2f60cc8ad21e1dc0812d8c6f56ca674672861163.jpg
https://s9.kh1.co/__image/w=400,h=600,q=100/53/53ba249ccd718e229dd0022aaaf2be8cf1a0bf27.jpg

သတင်း အရင်းအမြစ်Japan Today

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T