လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးမှာ အဓိကအချက်ကတော့ အရင်ဆုံးတွေ့တာနဲ့ နှုတ်ဆက်ကြတာပါ။ နိုင်ငံတကာမှာလည်း မတူညီတဲ့ နှုတ်ဆက်ပုံ နှုတ်ဆက်နည်းတွေရှိကြပါတယ်။ မြန်မာလူမျိုးတွေဆိုရင်တော့ လက်အုပ်ချီတာတို့ လက်ဆွဲနှုတ်ဆက်တာတို့ ရှိကြပါတယ်။ ဒါကြောင့် ထူးခြားတဲ့ နှုတ်ဆက်နည်းတွေနဲ့ နှုတ်ဆက်ကြတဲ့ နိုင်ငံတွေကို ဖော်ပြလိုက်ပါတယ်။
တိဗက်
သာမန်လူတွေအတွက်တော့ လျှာထုတ်တယ်ဆိုတာ နောက်ပြောက်တာနဲ့ အတူတူပါပဲ။ ဒါပေမယ့် တီဗက်မှာတော့ လျှာထုတ်ပြတယ်ဆိုတာ ပြောင်တာမျိုးမဟုတ်ပဲ နှုတ်ဆက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေဟာ ဒီနှုတ်ဆက်နည်းက ရိုင်းရာကျတယ်လို့ သတ်မှတ်ကြပါတယ်။
နယူးဇီလန်
ချစ်သူတွေအတွက် နှာခေါင်းချင်းထိတယ်ဆိုတာ ကျီစယ်ကြတဲ့ လုပ်ရပ်မျိုးပါ။ ဒါပေမဲ့ နယူးဇီးလန်နိုင်ငံ Maori လူမျိုးတွေအတွက်ကတော့ ဒီအပြုအမူဟာ လက်ဆွဲနှုတ်ဆက်သလိုမျိုးပဲ ဖြစ်ပါတယ်။
ယူကရိန်း
ယူကရိန်းမှာတော့ မိန်းကလေးသူငယ်ချင်းတွေ နှုတ်ဆက်တဲ့အခါ ပါး၃ခါနမ်းကြပြီး ဘယ်ဘက်ကစနမ်းကြပါတယ်။ ယောက်ျားလေးသူငယ်ချင်းတွေကတော့ ရိုးရှင်းစွာပဲ ပွေ့ဖက်နှုတ်ဆက်ကြပါတယ်။
ဖီလစ်ပိုင်
ကိုယ့်ထက် အသက်ကြီးတဲ့လူကို ဖိလစ်ပိုင်မှာ နှုတ်ဆက်မယ်ဆိုရင် နှုတ်ဆက်မယ့်လူရဲ့ လက်ဆစ်နဲ့ သင့်နဖူးကို ထိရမှာ ဖြစ်ပါတယ်။ အလွန်အမင်း လေးစားကြောင်း ပြချင်တဲ့အခါ မထိခင် ပါးစပ်ကလည်း မာနိုပိုလို့ ပြောရမှာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Bloggers Arena