ဘ၀မှာ တစ်ကြိမ်သာ ရှင်သန်ခဲ့ပေမယ့် နှစ်ကြိမ်တောင် မြေမြုပ်ခံခဲ့ရတဲ့ အမျိုးသမီး

//s9.kh1.co/8b/8b271efc2a7ec1496e8d05282be08e192e6b7758.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

1860 ခုနှစ်မှာ အိုင်ယာလန်တွင် မာဂိုရီ ဆိုသူအမျိုးသမီးဟာ ကူးစက်ရောဂါတစ်မျိုးကြောင့် ကိုမာရောဂါကို ခံစားနေရချိန်မှာပဲ သူ့ကိုသေဆုံးပြီဟု သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ရောဂါကို အခြားသူတွေ မကူးစက်စေဖို့ အရေးတကြီး မြေမြုပ် သင်္ဂြိုလ်ဖို့စီစဉ်ခဲ့ကြပါတယ်။ ဒါကြောင့် လူချမ်းသာ စာရင်းဝင် မာဂိုရီရဲ့ အမျိုးသား နှလုံးရောဂါသည်ဖြစ်တဲ့ ဆရာဝန်ဟာ သူမလက်မှာ ဝတ်ဆင်ထားတဲ့ အလွန်အဖိုးတန်တဲ့ လက်ထပ်လက်စွပ်ကို ဖြုတ်ယူ သိမ်းစည်းခဲ့ပေမယ့် သူမရဲ့လက်ဟာရောင်ရမ်း နေတာကြောင့် လက်စွပ်ကိုဖြုတ်မရတဲ့အဆုံး အလောင်းနဲ့ အတူ ထည့်သွင်းမြေမြုပ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=1018,q=100/fa/faf558233bc6246771efec80532a245409043734.jpg

လက်စွပ် အကြောင်းကို သိတဲ့ သူတွေဟာ မာဂိုရီမြေမြုပ်ပြီးသိပ်မကြာခင်အချိန် ညပိုင်းမှာပဲ အလောင်းကို ပြန်ဖေါ်တူးယူပြီး လက်စွပ်ကို ဖြုတ်ယူဖို့ကြိုးစားခဲ့ကြရာ အလွန်ခက်ခဲလွန်းတာကြောင့် လက်သူကြွယ်ကို ကတ်ကြေးနှင့်ဖြတ်ပြီး ယူဖို့လုပ်ကြရာမှာ မာဂိုရီရဲ့ လက်ဟာသွေးတွေအရမ်းပဲ ထွက်လို့နေခဲ့ပြီး မာဂိုရီဟာလည်း ကိုးမားဝေဒနာခံစားနေရာကနေ ပြန်လည်နိုးထလာပြီး အော်ခဲ့တာကြောင့် သူခိုးတွေလည်း ကြောက်လန့် တကြားနဲ့ ထွက်ပြေးခဲ့ကြရပါတယ်။ မာဂိုရီဟာ မြေတွင်းထဲမှ ကုတ်ကပ်တက် ကာ အိမ်သို့ပြန် လာပြီး အိမ်တံခါးကိုခေါက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=777,q=100/2d/2d7bc7cf3a5af04563ead7491764f22bddeace6e.jpg
https://s9.kh1.co/__image/w=650,h=983,q=100/17/1758518a71dd239c9928ab59daf6f7be364fe446.jpg

သူရဲ့သားသမီးတွေနဲ့ သူ့ခင်ပွန်းဟာ တံခါးကိုဖွင့်လိုက်ပြီး သူမကို မြင်ချိန်မှာတော့ သေဆုံးချိန်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ သူ့ရဲ့ လက်ကသွေးတွေဟာ ကြမ်းခင်းပေါ်ကို တစ်စက် တစ်စက် ကျနေတဲ့ မြင်ကွင်းကြောင့် သူရဲ့ခင်ပွန်းဟာလည်း နေရာမှာတင်ပဲ နှလုံးရောဂါဖောက်ပြီး ကွယ်လွန်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ မာဂိုရီဟာ နောက်အိမ်ထောင်ပြုခဲ့ပြန်ပါတယ်။ နောက်အိမ်ထောင်နဲ့လည်း သားသမီးရတနာတွေထပ်မံထွန်းကားခဲ့ပါသေးတယ်။ မာဂိုရီဟာ ပုံမှန်ဘဝနဲ့ဆက်လက် ရှင်သန်လာပြီးတော့ သူမအသက်အရွယ်ကြီးရင့်လာပြီးသေဆုံးခဲ့တဲ့အခါမှာတော့ မူလနေရာမှာပဲပြန်လည် မြေမြုပ်ခဲ့ကြပါတယ်။ အိုင်ယာလန်တောင်ပိုင်း လော်ဂန် Shankill သချိုင်းမှာ '' ဘဝတစ်ခုတွင် နှစ်ကြိမ်မြေမြုပ်ခံရသူ''လို့ စာလေးထိုးထားတာကတော့ မာဂိုရီရဲ့ အုတ်ဂူလေးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1004,q=100/90/90be8d725dea8efde3aec1557d9cf3492886cf71.jpg
https://s9.kh1.co/__image/w=600,h=800,q=100/be/be52cf8e58254a1c773d553d972be519e4a99db8.jpg

သတင်း အရင်းအမြစ်Bohemian Wanderer

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T