ဇနီးသည်ရဲ့တိုက်တွန်းမှုကြောင့် ကမ္ဘာ့ပထမဆုံး ဘီလျံချီတန်းဖိုးရှိတဲ့ အိမ်ကြီးကို တည်ဆောက်ခဲ့သူ

//s9.kh1.co/8c/8c4db58332c6f0cd0bb5e0a04803fb6cc9272fd0.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဆုံး ဒေါ်လာဘီလျံကျော်တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ကြီးအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အိမ်ကြီးရဲ့ အမည်ကတော့ "Antilia" ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ မူကက်ချ်အမ်ဘာနီ ဆိုသူက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မွန်ဘိုင်းအခြေစိုက် ရေနံဓာတုကုမ္ပဏီ Reliance စက်မှုလုပ်ငန်းကြီးရဲ့ အကြီးအကဲတစ်ဦးဖြစ်ပြီး ပိုင်ဆိုင်မှုတန်ဖိုးက 81.9 billion ထိရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ef/ef44853040058a056eb9d1db218259f777bd9ed5.jpeg
https://s9.kh1.co/__image/w=640,h=480,q=100/c2/c2049278d4729d8da24ecfda7213e0c7f09be7d7.jpg

သူဟာ မွန်ဘိုင်းမြို့လယ်တွင် ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိတဲ့ ၂၇ ထပ်ရှိ မိုးမျှော်တိုက်ကြီးတစ်လုံးကို ဆောက်လုပ်ခဲ့ပါတယ်။ အကြောင်းကတော့ သူဌေးကြီးရဲ့ဇနီးဖြစ်သူ နီတာအမ်ဘာနီဟာ နယူးယောက်က "Mandarin Oriental" ဆိုတဲ့ ကြယ်ငါးလုံးဟိုတယ်မှာ နေထိုင်ခဲ့ပါတယ်။ အဲ့ဒီက အဆောက်အအုံမှာ မွမ်းမံထားတဲ့ ဒီဇိုင်းများကို အလွန်သဘောကျခဲ့ပြီး မိမိအိမ်ကို အဲ့လိုဒီဇိုင်းမျိုးအလှဆင်ရန် ဆန္ဒရှိခဲ့တာကြောင့် သူဌေးကြီးက ဇနီးရဲ့ အလိုတိုင်း ငွေကုန်ကြေးကျခံကာ မွန်ဘိုင်းမြို့မှာ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံအိမ်ကြီးတစ်လုံးကို ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=440,q=100/fb/fb698d8bd32b5c7f4efe79a6875a57958906416b.jpeg
https://s9.kh1.co/__image/w=511,h=767,q=100/be/beb394340f57b662a5a6ce288a04e24b252b93a4.jpg

အန်တယ်လာဟု အမည်ပေးထားတဲ့ အိမ်ကြီးရဲ့ အထပ်တိုင်းကို တစ်ထပ်နှင့်တစ်ထပ် မတူညီတဲ့ ပုံစံပြုလုပ်ထားပါတယ်။ မတူညီတဲ့ အသုံးအဆောင် ပစ္စည်းတွေကို အသုံးပြုထားတာကြောင့် ကုန်ကျစရိတ်အလွန်မြင့်မားခဲ့ပါတယ်။ အထပ် ၂၇ ထပ်ပါရှိတဲ့ ဇိမ်ခံအိမ်ကြီးကို တည်ဆောက်ရန် စေ့စပ်သေချာစွာ ဆောင်ရွက်ထားတာကြောင့် ဗိသုကာအစီအမံများဟာ အံ့မခန်းလက်ရာမြောက်လှပါတယ်။ Antilia ကတော့ မြို့ထဲမှာ မကြည့်ရင်တောင် မြင်နေရမယ့်အိမ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးကိုယ်ပိုင်အိမ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/38/386b6eb273353f7c6508d375a24c53e78124a748.jpg
https://s9.kh1.co/__image/w=647,h=450,q=100/13/137fb97e6ca47a74799d3328f57b6171301dedc7.jpg

သတင်း အရင်းအမြစ်AD

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T